User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?

Previous Talks
မျိုးဆက်သစ်ပျိုးခင်း စကားဝိုင်း အမှတ်စဉ်(၀၃/၂၀၀၉)

State Building And Nation Building


မျိုးဆက်သစ် အင်ဂျင်နီယာ များ အတွက် ရည်ရွယ် ၍ ကျင်းပ ပြုလုပ်သော မျိုး ဆက် သစ်ပျိုး ခင်းစ ကားဝိုင်းအမှတ်စဉ်(၀၃/၂၀၀၉)ကိုနိုဝင်ဘာလ၁၁ရက်၊စနေနေ့နံနက်(၉)နာရီတွင်မြန်မာနိုင်ငံအင်
ဂျင်နီယာအသင်းတတိယထပ်ရှိ (FunctionHall )တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ (၃/၂၀၀၉) မျိုးဆက် သစ်ပျိုးခင်း စကားဝိုင်းတွင် မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းဗဟိုကော်မတီဝင်ကိုကို (စက်မှုတက္က သိုလ်) ဦးဆောင် ၍ပြင်ပ ပညာရှင် စာရေးဆရာ ဦးကိုကိုလှိုင်ကိုဖိတ်ခေါ်ကာ နိုင်ငံတည်ဆောက် ခြင်းနှင့် အမျိုးသားတည်ဆောက်ခြင်း (State Building And Nation Building) ခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြား ခဲ့ပါသည်။


ဆွေးနွေးပွဲသို့မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌဦးဟန်ဇော်၊ဒုဥက္ကဌ၊ဗဟိုကော်မတီဝင
်များအင်ဂျင်နီ ယာများ၊မျိုးဆက်သစ်အင်ဂျင်နီယာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါ သည်။ မျိုးဆက်သစ်အင်ဂျင်နီယာ ကိုရဲဝင့်စိုးနှင့် မမြတ်ဝတ်ရည်တို့မှ အခမ်းအနားမှုးအဖြစ် ဆောင် ရွက်ခဲ့ပါသည်။ ပထမဦးစွာဗိုလ်မှုးကြီး ညဏ်ထွန်းဦး(ငြိမ်း)မှ အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး၊ မျိုးဆက်သစ် အင်ဂျင်နီယာကော်မတီဥက္ကဌ ဦးမြင့်ဖေမှမျိုးဆက်သစ် အင်ဂျင်နီယာများ Engineering နှင့်ပတ်သက်သော ဗဟုသုတများသာမကပြင်ပဗဟုသုတ များပါရရှိစေရန် ရည်ရွယ်ချက်ဖြင့် မျိုးဆက်သစ်ပျိုး ခင်းစကားဝိုင်း ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြေကြားခဲ့ပါ သည်။
ှ်

စာရေးဆရာဦးကိုကိုလှိုင်မှ State နှင့် Nation တို့၏ ကွဲပြားခြားနားချက်များ State Building နှင့် Nation Building ၏ကွာဟချက်များ ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပါသည်။ ထို့နောက်နံနက် ၁၁ နာရီခွဲ တွင် မျိုးဆက်သစ်ပျိုးခင်းစကားဝိုင်းကို ခဏရပ်နား၍ ကော်ဖီ မုန့်တို့ဖြင့် ပရိသတ်များကို ဧည့်ခံကျွေးမွေးခဲ့ပါသည်။ မျိုးဆက်သစ်ပျိုးခင်းစကားဝိုင်း ဒုတိယပိုင်းကို နေ့လည် ၁၂ နာရီတွင်ပြန်လည်စတင်ပြီး မျိုးဆက်သစ် အင်ဂျင်နီယာ များမှ သိလိုသည်များမေးမြန်းသည်ကို ဦးကိုကိုလှိုင် နှင့် ကိုကို စက်မှုတက္ကသိုလ် တို့မှ ၀င်ရောက် ဆွေးနွေးပေးခဲ့ပါသည်။မျိုးဆက်သစ်ပျိုးခင်းစကားဝိုင်းကိုနေ့လည် နှစ်နာရီ တွင် အဆုံး သတ်၍ မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီဥက္ကဌ ဦးမြင့်ဖေ နှင့် ဗိုလ်မှုးကြီး ညဏ်ထွန်း ဦး (ငြိမ်း) တို့မှ ဦးကိုကိုနှင့် ဦးကိုကိုလှိုင်တို့အား အမှတ်တရ လက်ဆောင်များ ပေး အပ်ခဲ့
ကြပါသည်။သစ်ပျိုး ခင်းစ ကားဝိုင်းအမှတ်စဉ်(၀၃/၂၀၀၉)အတွက် ရေစက် မိသားစု က အလှုငွေ ၁၀ သိန်း လှုဒါန်းခဲ့ပါသည်။်

Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: