Skill Training and Certification Center Soft Opening Ceremony
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Skill Training and Certification Center အကြိုဖွင့်ပွဲအခမ်းအနားကိုဇူလိုင်လ(၂၃)ရက်နေ့ နေ့လည်(၁:၀၀) နာရီအချိန်တွင်၊ ယင်းCenter၌ ပြုလုပ်ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌဦးဝင်းခိုင်နှင့် Taw Win Family Development Foundation Chairman အလှူရှင် ဦးကိုကိုထွေးတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌ ဦးဝင်းခိုင်က အဖွင့်အမှာ စကား ပြောကြားပြီးအလှူရှင်ဦးကိုကိုထွေးက Skill Training and Certification Center အတွက် လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကိုရှင်း လင်းတင်ပြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အထွေထွေအတွင်းရေးမှုးဦးကိုကိုကြီး ကကျေးဇူးတင်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌဦးဝင်းခိုင်မှ အလှူရှင် ဦးကိုကိုထွေးအား ဂုဏ်ပြုမှတ်တမ်းလွှာ ကိုပေးအပ်ပါသည်။
ထို့နောက် ဥက္ကဌ၊အလှူရှင်နှင့် ဧည့်သည်တော်များ၊ ဗဟိုကော်မတေီဝင်များက STCC အခန်းများကို လှည့်လည်ကြည့်ရှု့ကြပြီးကော်ဖီ၊မုန့်တို့ဖြင့်တည်ခင်းဧည့်ခံပြီး အခမ်းအနား
ကိုနေ့ လည်(၃:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အခမ်းအနားသို့ အလှူရှင်ဦးကိုကိုထွေး (Chairman) နှင့် ဇနီးသီရိသုဓမ္မသိဂီ င်္ဒေါ်အေးအေးသန်း (Vice Chairman)Taw Win Family Development Foundation၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဌ ဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ ၊ ဧည့်သည်တော်များ၊ မျိုးဆက်သစ်အင်ဂျင်နီယာများတက်ရောက်ခဲ့ကြပါသည်။