User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?

(၁-၉-၂၀၁၁) နေ့မှ (၃၀-၉-၂၀၁၁)နေ့ထိ လုပ်ဆောင်ချက်များ
(၁-၉-၂၀၁၁) ကြာသပတေးနေ့ (၁)မြန်မာနိုင်ငံသဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ(မူကြမ်း)ရေးဆွဲရေး ဒု-အကြိမ်အစည်းအဝေးသို့ GSဦးကိုကိုကြီးနှင့်လုပ်ငန်းကော်မတီဝင်ဦးခင်မောင်သန်း(နေပြည်တော်)တို့ တက်ရောက်ပါသည်။ (၂)Concrete Lab Meeting ပြုလုပ်ပါသည်။ (၃)TWG-4 Meeting ပြုလုပ်ပါသည်။
(၂-၉-၂၀၁၁) သောကြာ (၁)TWG-6 Meeting ပြုလုပ်ပါသည်။(၂)Energy & Renewable Energy Commitee Meeting ပြုလုပ်ပါသည်။(၃)WASH (Unicef) - Meeting ပြုလုပ်ပါသည်။
(၃-၉-၂၀၁၁) စနေ (၁)JFEE General Manager နှင့် MESမှ ဥက္ကဌ၊ဗဟိုကော်မတီဝင်များနှင့်တွေ့ဆုံပါသည်။(၂) (9/2011) CC Meeting ပြုလုပ်ပါသည်။(၃) "Seismic Design Practice in the U.S for Bridges,Tunnel and Ports" ခေါင်းစဉ်ဖြင့် Dr.Hubert Law (Ph.D.,P.E) Principal Engineer and Vice President,Earth Mechanics,Inc. (U.S.A) မှ ဟောပြောပွဲ ပြုလုပ်ပါသည်။(၄) MES ဒုတိယဥက္ကဌများ၊ PP ဦးသန်းမြင့်နှင့် Dr.Hubert Law (Ph.D.,P.E) Principal Engineer and Vice President,Earth Mechanics,Inc. (U.S.A) တွေ့ဆုံပါသည်။
(၄-၉-၂၀၁၁) တနင်္ဂနွေ (၁) Myanmar Green Hotel Standarlization Workshop တွင် Energy Efficiency & Conservation ခေါင်းစဉ်ဖြင့် ဦးအုန်းမြင့်မှ ဟောပြောပါသည်။ Water Management in Myanmar ခေါင်းစဉ်ဖြင့် ဗဟိုကော်မတီဝင် ဦးလှဘော်မှ ဟောပြောပါသည်။
(၅-၉၂၀၁၁) တနင်္လာ (၁)Industrial Development Committee Meeting ပြုလုပ်ပါသည်။(၂) ရခိုင် Project Data ကောက်ယူသည့်အဖွဲ့ Presentation ပြုလုပ်ပါသည်။ (၃) AEMAS ဖွင့်ပွဲကို Park Royal Hotel ၌ပြုလုပ်ပါသည်။(၄) UNDP က ဆောင်ရွက်နေသည့် International comparison Program Project နှင့် ပတ်သက်ပြီး UNDP မှာတာဝန်ရှိသူများနှင့် ဦးအောင်မြင့်၊ဦးခင်မောင်ဌေး၊ဦးတင်မောင်ဝင်းတို့ ဆွေးနွေးပါသည်။ (၅) AEMAS Certified Energy Manager Training ပြုလုပ်ပါသည်။
(၆-၉-၂၀၁၁) အင်္ဂါ (၁) Golf Committee Meeting ပြုလုပ်ပါသည်။ (၂) စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ (၁/၂၀၁၁) ညှိနှိုင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူးဦးကိုကိုကြီးတက်ရောက်ပါသည်။ (၃) Sustainable Urban Future in South East Asia 2011 Forum အတွက်စာတမ်းရွေးချယ်သည့် အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်မောင်တက်ရောက်ပါသည်။
(၇-၉-၂၀၁၁) ဗုဒ္ဓဟူး (၁) Earthquake Committee Meeting ပြုလုပ်ပါသည်။ (၂) Skill Training & Certification Center Meeting ပြုလုပ်ပါသည်။ (၃)Special Project Committee Meeting ပြုလုပ်ပါသည်။ (၈-၉-၂၀၁၁)ကြာသပတေး (၁) MES၏ လုပ်ဆောင်ချက်နှင့် အချက်အလက်များ သက်ဆိုင်ရာ သို့ပေးပို့ရန်ကိစ္စ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပါသည်။ (၂) Curtin University နှင့် MES ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် Prof.Dr.Kevin Fynn နှင့်တွေ့ဆုံဆွေးနွေးပါသည်။
(၉-၉-၂၀၁၁) သောကြာ (၁) Myanmar National Building Code Meeting ပြုလုပ်ပါသည်။ (၂) Myanmar National Building Committee Meeting ပြုလုပ်သည်။(၃) TWG-2 Meeting ပြုလုပ်ပါသည်။(၄)Building Committee Meeting ပြုလုပ်ပါသည်။(၅) Classification of Construction Companies ကိစ္စအကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။
(၁၀-၉-၂၀၁၁) စနေ (၁) ဥက္ကဌဦးဝင်းခိုင် နှင့် ဦးအုန်း(FREDA) တွေ့ဆုံပါသည်။ (၂) Classification of Construction Companies ကိစ္စညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။ (၃) PP ဦးသန်းမြင့်နှင့် Dr.Hubert Law (Ph.D.,P.E) Principal Engineer and Vice President,Earth Mechanics,Inc. (U.S.A) တွေ့ဆုံပါသည်။(၄)ဆရာပူဇော်ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။ (၅) Management Committee Meeting ပြုလုပ်ပါသည်။
(၁၂-၉-၂၀၁၁) တနင်္လာ (၁) The Singing Cermony of Myanmar Safer Settlement Development And Urban Research သို့တက်ရောက်ရန်ကိစ္စအတွက် ဥက္ကဌဦးဝင်းခိုင်နှင့် ဦးသန်းမြင့်တို့ အကြိုဆွေးနွေးပါသည်။
(၁၃-၉-၂၀၁၁) အင်္ဂါ (၁) Skill Training & Certification Center Meeting ပြုလုပ်ပါသည်။
(၁၄-၉-၂၀၁၁) ဗုဒ္ဓဟူး (၁) UNDP နှင့် Construction Material ကိစ္စဆွေးနွေးပါသည်။(၂)TWG-7 Meeting ပြုလုပ်ပါသည်။
(၁၅-၉-၂၀၁၁) ကြာသပတေး (၁) နေပြည်တော်အပြည်အပြည်ဆိုင်ရာဒီမိုကရေစီနေ့ ၂၀၁၁ အခမ်းအနားသို့ ဥက္ကဌဦးဝင်းခိုင် တက်ရောက်ပါသည်။ (၂) BAJ Technial Seminar ပြုလုပ်ပါသည်။ (၃)တိုးချဲ့အဆောက်အဦး လုပ်ရန်နှင့် ဗိသုကာအဖွဲ့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ (၄)ဗိယက်နမ် လေ့လာရေးခရီးသွားမည့်အဖွဲ့ဝင်များ ကြိုတင်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ (၅) TWG-4 Meeting ပြုလုပ်ပါသည်။
(၁၆-၉-၂၀၁၁) သောကြာ (၁) ၂၀၁၁ခုနှစ် အပြည်ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား နှင့် စာတမ်းဖတ်ပွဲသို့ အတွင်းရေးမှူးဦးဝင်းနိုင်၊ MES (နေပြည်တော်) တက်ရောက်ခဲ့ပါသည်။ (၂) BAJ Technical Seminar ပြုလုပ်ပါသည်။(၃) TWG-1 Meeting ပြုလုပ်ပါသည်။
(၁၇-၉-၂၀၁၁) စနေ (၁)BAJ Technical Seminar ပြုလုပ်ပါသည်။ (၂) Mining Seminar ပြုလုပ်ပါသည်။ (၃) Myanmar Professional Engineer ကိစ္စဆွေးနွေးပွဲပြုလုပ်ပါသည်။ (၄)အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဖိတ်ကြားသော ဧရာဝတီမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဒုဥက္ကဌဦးအောင်မြင့် ၊ဗဟိုကော်မတီဝင်ဦးလှဘော်၊ MES နေပြည်တော်ဥက္ကဌဦးသာဌေး၊ အတွင်းရေးမှူးဦးဝင်းနိုင်တို့ တက်ရောက်ပါသည်။(၅)ဗီယက်နမ်နိုင်ငံ Vietnam Association of mechanical Industry ဥက္ကဌ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့သွားရောက်မည့် MES ဥက္ကဌဦးဝင်းခိုင်၊ ဗဟိုကော်မတီဝင်ဦးတင်မောင်ဝင်း၊ ဦးလှကြိုင်၊ ဦးဖိုးအေး၊ ဦးသန်းလွင်(နေပြည်တော်)တို့နှင့် အတူ CMC ကုမ္ပဏီ လိုက်ပါသူများအား ဦးကိုကိုကြီး၊ ဦးအုန်းမြင့်၊ဦးသန်းထွန်းအောင်နှင့် ဦးမြင့်စိုးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြပါသည်။
(၁၈-၉-၂၀၁၁) / (၁၉-၉-၂၀၁၁) တနင်္ဂနွေ ၊ တနင်္လာ (၁) Vietnam Industrial Study Trip သို့ ဥက္ကဌဦးဝင်းခိုင်ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ ၊ CMC အဖွဲ့ဝင်များ သွားရောက်ကြပါသည်။
(၂၀-၉-၂၀၁၁) အင်္ဂါ (၁) Introduction to Competency Based Training & Assessment ခေါင်းစဉ်ဖြင့် ဦးကျော်ဝင်း ညွှန်ကြားရေးမှူး(ငြိမ်း) ၊ အလုပ်အကိုင်နှင့် သင်ကြားလေ့ကျင့်ရေး၊ အလုပ်သများဝန်ကြီးဌာနမှ ဟောပြောပါသည်။ (၂) ဓါတ်စစ်ဓါတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးအတွက် ဆွေးနွေးပွဲသို့ ဦးခင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းဝင်းတို့ တက်ရောက်ခဲ့ပါသည်။
(၂၁-၉-၂၀၁၁) ဗုဒ္ဓဟူး (၁) Special Project Committee Meeting ပြုလုပ်ပါသည်။ (၂) TWG -5 Meeting ပြုလုပ်ပါသည်။ (၃) TWG -7 Meeting ပြုလုပ်ပါသည်။ (၄) Malaysia Aviation Training Academy နှင့် MAI တို့ ပူးပေါင်းပြီး လေကြောင်းပညာနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်ရန်အတွက် MOU လက်မှတ်ရေးထိုးပွဲသိုပ JGS ဦးမြင့်ဖေ တက်ရောက်ပါသည်။
(၂၂-၉-၂၀၁၁) ကြာသပတေး (၁) TWG-4 Meeting ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း မြန်မာနိုင်ငံစိုက်ပျိုးရေး အခြေခံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့တို့ ပူးပေါင်းပြုလုပ်သော Business Transformation & Quality Management System ဟောပြောပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင် တက်ရောက်ပါသည်။ (၃) Business Transformation & Quality Management System ဆွေးနွေးပွဲသို့ ဦးမြင့်ဖေ CEC ဦးသန်းထွန်းအောင် ၊ဗိုလ်မှူးကြီးသောင်းဝင်(ငြိမ်း) တို့ တက်ရောက်ပါသည်။
(၂၃-၉-၂၀၁၁) သောကြာ (၁) TWG -1 Meeting ၊ TWG-2 Meeting ၊ TWG-5 Meeting ၊ TWG-6 Meeting ပြုလုပ်ပါသည်။ (၂)Earthquake Committee Meeting ပြုလုပ်ပါသည်။ (၃) ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဦးစီးဌာနက ကြီးမှူးသော သဘာဝဘေးလျော့ပေါ့ရေးနေ့ အထိမ်းအမှတ်ပြုလုပ်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူးဦးကိုကိုကြီး တက်ရောက်ပါသည်။(၄)2011 AAET ESTI Quiz Competition ပြိုင်ပွဲကျင်းပရေးညှိနှိုင်းအစည်းအဝေးသို့ တွဲဖက်ဘဏ္ဍာရေးမှူးဦးခင်မောင်ဝင်း တက်ရောက်ပါသည်။(၅) အဌမအကြိမ်မြောက် အင်ဂျင်နီယာများ ဆုံစည်းဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပါသည်။
(၂၄-၉-၂၀၁၁) စနေ (၁) Peace Myanmar Electric Co.,Ltd မှ The Benefits of VRF System and Demonstration ခေါင်းစဉ်ဖြင့် U Htate Tin Htut (Peace Myanmar Electric Co.,Ltd) ဟောပြောပါသည်။(၂) ပြည့်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များမှ စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များ၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရာတွင် တွေ့ကြုံရသောအခက်အခဲများ၊ စီးပွားရေးဆိုင်ရာ အကြံပြုချက်များကို ပြည်သူ့ကိုယ်စား ပြည်သူ့လွှတ်တော်သို့တင်သွင်းနိုင်ပါရန် ဆောင်ရွက်လျက်ရှိသည်နှင့် ပတ်သက်သော ဆွေးနွေးပွဲသို့ ဒုတိယဥက္ကဌဦးအောင်မြင့်၊ JGS ဦးမြင့်ဖေ၊ JGS ဦးအုန်းမြင့် တက်ရောက်ပါသည်။
(၂၅-၉-၂၀၁၁) တနင်္ဂနွေ (၁) (၁၃)ကြိမ်မြောက် အာဆီယံအသက်မွေးဝမ်းကျောင်းဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာညှိနှိုင်းမှု အစည်းအဝေး (ACPECC) သို့တက်ရောက်မည့် ဦးခင်မောင်ဆယ်၊ ဦးကျော်လင်း၊ ဦးတင်မောင်ဝင်းတို့အား JGS ဦးအုန်းမြင့် ၊ CEO ဦးမြင့်စိုးတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ပါသည်။
(၂၆-၉-၂၀၁၁) တနင်္လာ (၁) ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန နှင့် အာရှဒေသ သဘာဝဘေး လျော့ပါးရေးဌာန(ADRC) တို့ပူးပေါင်း၍ သဘာဝဘေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ပြုလုပ်ပါသည်။(၂)(၁၃)ကြိမ်မြောက် အာဆီယံအသက်မွေးဝမ်းကျောင်းဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာညှိနှိုင်းမှု အစည်းအဝေး (ACPECC) သို့တက်ရောက်မည့် ဦးခင်မောင်ဆယ်၊ ဦးကျော်လင်း၊ ဦးတင်မောင်ဝင်းတို့ တက်ရောက်ပါသည်။
(၂၇-၉-၂၀၁၁) အင်္ဂါ (၁) ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဦးစီးဌာန နှင့် အာရှဒေသ သဘာဝဘေး လျော့ပါးရေးဌာန(ADRC) တို့ပူးပေါင်း၍ သဘာဝဘေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ပြုလုပ်ပါသည်။ (၂) Skill Upgrading & Certification Center Meeting ပြုလုပ်ပါသည်။ (၃)နေပြည်တော်တွင် ကျင်းပသည့် ဘွိုင်လာဥပဒေ ပြင်ဆင်/ဖြည့်စွက်ရေးဆွဲရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းမဝေးသို့ ဗဟိုကော်မတီဝင်ဦးလှကြိုင်တက်ရောက်ပါသည်။ (၄) ရန်ကုန်တိုင်းဒေသကြီး စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ပဉ္စမအကြိမ်ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးပြပွဲနှင့်ယာဉ်မတော်တဆမှုကြောင့်သေဆုံး ၊ ဒဏ်ရာရသူများ အမှတ်တရနေ့ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပွဲသို့ ဒုတိယဥက္ကဌဦးအောင်မြင့် တက်ရောက်ပါသည်။
(၂၈-၉-၂၀၁၁) ဗုဒ္ဓဟူး (၁) TWG - 7 Meeting ပြုလုပ်ပါသည်။ (၂) Hong Kong Fast Track to explain into the International Market ဆွေးနွေးပွဲသို့ ဒုတိယဥက္ကဌဦးအောင်မြင့် ၊ JGS ဦးမြင့်ဖေတို့ တက်ရောက်ပါသည်။
(၂၉-၉-၂၀၁၁) ကြာသပတေး (၁) TGW -4 Meeting ပြုလုပ်ပါသည်။ (၂) Group - 4 Meeting ပြုလုပ်ပါသည်။
(၃၀-၉-၂၀၁၁) သောကြာ (၁) Energy & Renewable Energy Committee ပြုလုပ်ပါသည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: