User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?
Process And Product Show (2010)
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံကြီးအား ဂုဏ်ပြုကြိုဆိုလျှက်Process and Product Show (2010)ကို မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီမှ ကြီးမှုး၍(၁၅.၁.၂၀၁၀)မှ(၁၈.၁.၂၀၁၀)ထိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အဦ ၊လှိုင်တက္ကသိုလ်များနယ်မြေတွင်စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ဖွင့်ပွဲ အခမ်းအနားကို ( ၁၆.၁.၂၀၁၀) တွင် ရန်ကုန်တိုင်း၊ တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် မှဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြပွဲ နှင့်တစ်ဆက်တည်း စာတမ်းဖတ်ပွဲများကိုလဲ မြန်မာနိုင်ငံအင်ဂျင်နီယာ ရုံး အဆောက်အဦ တွင်ကျင်းပပြုလုပ်ခဲ့ပါသည် ။ မျိုးဆက်သစ် အင်ဂျင်နီယာ ကော်မတီမှ ကြီးမှူး၍ Souvenir Shop ဖွင့်လှစ်ရောင်းချ ခြင်း ၊ Photo Gallery ပြခန်းများပြသခြင်း ၊ အင်ဂျင်နီယာ ဆိုင်ရာ Technical Quiz ပြိုင်ပွဲများ ကျင်းပပေးခြင်းများ ပြုလုပ်ခဲ့ပါသည် ။ ယင်းပြပွဲတွင် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းများကို ကုမ္ပဏီပေါင်း ၅၀ ခန့် ၀င်ရောက်ပြသခဲ့ပါသည်။
Process and Product Show ပြပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် ညစာစားပွဲကို (၁၇.၁.၂၀၁၀) ညပိုင်းတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦးတွင် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဥက္ကဌ ကြီးနှင့်တကွ ၊ ဗဟိုကော်မတီဝင်များ ၊ မျိုးဆက်သစ် အင်ဂျင်နီယာများ ၊ ၀န်ထမ်းများနှင့် ဧည့်သည်တော်များ စုစုပေါင်း ၂၀၀ ခန့်တက်ရောက်ခဲ့ကြပါသည် ။

Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: