User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း
(၁.၁၀.၂၀၀၉)မှ(၃၁.၁၀.၂၀၀၉) အထိ ဆောင်ရွက်ချက်များ

၁.၁၀.၀၉ ကြာသပတေးနေ့တွင်   10th METI Multi-Country Training Program on Energy Conservation (MTPEC) for ASEAN Countries in  Tokyo, Japan, 11-18 December,2009  သို့သင်တန်းသားအဖြစ် ရွေးချယ်ရေး ကိစ္စ အတွက် အစည်းအဝေးကို Meeting Room1 တွင် ပြုလုပ်ပါသည်။

၂.၁၀.၀၉ သောကြာနေ့တွင်  NDMC & Mobile Knowledge Resource Centre Meeting ကို Conference Room ပြုလုပ်ခဲ့ပါသည်။
Chatrium Hotel  တွင်ကျင်းပသော (JENESYS Programme )Japan -Myanmar Exchange Programme for Young Engineers တွေ့ဆုံပွဲသို့မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဌဦးဟန်ဇော်၊ဒုတိယ ဥက္ကဌ ဦးကျော်စန်းဝင်း၊ဒုတိယ ဥက္ကဌ ဗိုလ်မှုးကြီးညဏ်ထွန်းဦး၊IPP ဦးသန်းမြင့် တို့ တက်ရောက်ခဲ့ကြပါသည်။

၃.၁၀.၀၉ စနေနေ့တွင် (JENESYS Programme)Japan-Myanmar Exchange Programme ဖြင့် ဂျပန်နိုင်ငံသို့သွားရောက်မည့်(အထွေထွေ အတွင်းရေးမှုး ဦးအောင်မြင့်၊တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးမြင့်ဖေတို့ဦးဆောင်သော YE (၁၈)ဦး)အဖွဲ့အား ဥက္ကဌ ဦးဟန်ဇော်၊IPP ဦးသန်းမြင့်၊တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးကိုကိုကြီး၊ဗဟို အလုပ်အမှုဆောင်ဦးသန်းထွန်းအောင်၊Executive Director ဦးမြင့်စိုး တို့ကရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ပါသည်။

၃၀.၁၀.၀၉ မှ ၄.၁၀.၀၉ ထိ 3rd - 4th September 2009, Fukuoka, Japan တွင်ကျင်းပပြုလုပ်သည့် 3rd Symposium of World Federation of Engineering Organization (WFEO), Japan Federation of Engineering Societies (JFES) and Japan Society of Civil Engineers (JSCE) on Disaster Management  တွင် Impact of Cyclone Nagis on Disaster Risk Reduction in Myanmar  စာတမ်းကိုIPP ဦးသန်းမြင့်မှ ဖတ်ကြားတင်သွင်းပါသည်။

၈.၁၀.၀၉ ကြာသပတေးနေ့တွင် Conference Room ၌ 8th Batch JFEE Training Meeting ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဘဏ္ဍာရေးကော်မတီ အစည်းအဝေးကို Meeting Room 1 တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

၉.၁၀.၀၉ သောကြာနေ့တွင် Mobile Knowledge Resource Center PIC Meetingကို Meeting Room 2 တွင် ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ယိုကိုဟားမား တွင်ပြုလုပ်သော The AMEICC Training Program on Indrustrial Qualification Systems For COEs(ENIQ) 30 September-9 October,2009 သင်တန်းမှဦးခင်မောင်ဝင်း ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိပါသည်။

၁၀.၁၀.၀၉  စနေနေ့တွင်ဗဟိုကော်မတီဝင် အစည်းအဝေးကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၂.၁၀.၀၉  တနင်္လာနေ့တွင် Mobile Knowledge Resources Center PIC Meeting ကို Conference Room တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Training Program on  Managaing  World Class Quality KISMEC, Malaysia သို့တက်ရောက်မည့် ဗဟိုကော်မတီဝင် ဒေါက်တာ ခင်မောင်ထွန်းအားဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ပါသည်။

၁၃.၁၀.၀၉ တွင် Training Program on Managing World Class Quality KISMEC, Malaysia  သို့ဗဟိုကော်မတီ ၀င်ဒေါက်တာခင်မောင်ထွန်းတက်ရောက်ပါသည်။

၁၄.၁၀.၀၉ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်တိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ မှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ဆပ်ကော်မတီညှိနှိုင်း အစည်းအဝေးသို့ အထွေထွေ အတွင်းရေးမှုး ဦးအောင်မြင့် တက်ရောက်ပါသည်။
မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေး ဆိုင်ရာ လေ့လာမှုကော်မတီ ဖွဲ့စည်းရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို Meeting Room 1တွင်ကျင်းပပြုလုပ်ပါသည်။

၁၅.၁၀.၀၉ ကြာသပတေး နေ့တွင် ပြည်နယ်နှင့် တိုင်းများသို့ ယာဉ်မတော်တဆမှုစာရင်းဇယားကွင်းဆင်းကောက်ယူရေး အဖွဲ့ ညှိုနှိုင်း အစည်းအဝေးသို့အထွေထွေအတွင်းရေးမှုး ဦးအောင်မြင့်၊မျိုးဆက်သစ် အင်ဂျင်နီယာ မောင်ကြည်မင်းသူ နှင့်မောင်စိုးပြည့်အောင်တို့ တက်ရောက်ခဲ့ကြပါသည်။
Horizon International School တွင် Civil Engineer ခေါင်းစဉ်ဖြင့် IPP ဦးသန်းမြင့်ဟောပြောပါသည်။အဆိုပါဟောပြောပွဲသို့ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင်တက်ရောက်ပါသည်။

၁၆.၁၀.၀၉ သောကြာနေ့တွင် Conference Room တွင်မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လေ့လာမှုကော်မတီ ဖွဲ့စည်းရေး အတွက် ဌာနဆိုင်ရာ/ပြင်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေး ပြုလုပ်ပါသည်။
Implementation & Progress Committee f(AOTS “The AMEICC Training Program on HRD Organizational Management for CoEs” (ENHR1)7-15 December,2009,at AOTS’s Yokohama Kenshu Center)သင်တန်းသားရွေးချယ်ရေးကိစ္စအတွက် အစည်းအဝေးကို Meeting Room1 တွင် ပြုလုပ်ခဲ့ပါသည်။

၁၈.၁၀.၀၉ တနင်္ဂနွေနေ့ တွင် ဂျပန်နိုင်ငံ Tsu and Shimizu မြို့များရှိ(JFE Engineering Coporation)ကုမ္ပဏီ၏
JFEE Welding သင်တန်းများသို့ လေ့လာရေး သွားရောက်မည့် ဥက္ကဌ ဦးဟန်ဇော်၊ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ဦးအုန်းမြင့်တို့အား အထွေထွေအတွင်းရေးမှုး ဦးအောင်မြင့်၊ တွဲဖက် အထွေထွေ အတွင်းရေးမှုးဦးကိုကိုကြီး၊ဗဟို အလုပ်အမှုဆောင် ဦးသန်းထွန်းအောင်၊Executive Director ဦးမြင့်စိုးတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပို့ဆောင်နှုတ်ဆက်ကြပါသည်။
၁၈.၁၀.၀၉ မှ ၂၈.၁၀.၀၉ ထိ ဂျပန်နိုင်ငံ Tsu and Shimizu မြို့များရှိ (JFE Engineering Coporation)ကုမ္ပဏီ၏ JFEE Welding သင်တန်းများသို့ ဥက္ကဌဦးဟန်ဇော်၊ဗဟို အလုပ်အမှုဆောင် ဦးအုန်းမြင့်တို့ သွားရောက်ခဲ့ကြသည်။


၁၉.၁၀.၀၉  တနင်္လာတွင်  Function Hall ၌ကျင်းပသောDisaster Risk Reduction Workshop တွင် ဥက္ကဌ ဦးဟန်ဇော် မှ အဖွင့် အမှာစကားပြောကြားပြီး IPP ဦးသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

၂၀.၁၀.၀၉ အင်္ဂါတွင် Function Hall ၌ ကျင်းပသော Disaster Risk Reduction Workshop ပြုလုပ်ပါသည်။

၂၁.၁၀.၀၉ ကြာသပတေးနေ့တွင် CAFEO-27 သို့တက်ရောက်ရန်အစည်းအဝေးကို Meeting Room1 တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၃.၁၀.၀၉ သောကြာနေ့တွင် National Adaptation Programmes of Action(NAPA) Meeting ကို Guest Receiving Room တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၄.၁၀.၀၉ စနေနေ့တွင်  ဘရူနိုင်းနိုင်ငံ Brunei Kiulap Plaza Hotel ၌ ကျင်းပပြုလုပ်သောSeminar-Workshop on Promotion of Energy Efficiency and Conservation (PROMEEC) Major Industry Under the SOME-METI Work Programme 2009-2010  သို့ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင် မှ တက်ရောက်စာတမ်းဖတ်ကြားခဲ့သည်။

၂၅.၁၀.၀၉ တနင်္ဂနွေနေ့ တွင် Functional Hall ၌ MES ,MGS နှင့် (Division Peace and Development Council Yangon Division)ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီတို့ ပူးပေါင်း၍ Disaster Risk Reduction Workshop ကိုကျင်းပခဲ့သည်။

၂၉.၁၀.၀၉ ကြာသပတေးနေ့တွင် GS Room ၌ Mobile Knowledge Resource Center PIC Meeting ပြုလုပ်ခဲ့သည်။
၃၀.၁၀.၀၉ စနေနေ့တွင်(JENESYS Programme)Japan-Myanmar Exchange Programme- Presentation ကျင်းပပြုလုပ်ခဲ့သည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: