User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?
    

Leadership And Followership
ပထမဦးဆုံးအကြိမ်ကျင်းပသောမျိုးဆက်သစ်ပျိုးခင်းစကားဝိုင်း(၁/၂၀၀၉)ကိုသြဂုတ်လ(ဂ) ရက်စနေ နေ့နံနက် (၉)နာရီတွင်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(Seminar Room) တွင်ကျင်းပ ပြု လုပ်ခဲ့ပါသည်။ (၁/၂၀၀၉) မျိုးဆက်သစ်ပျိုးခင်း စကားဝိုင်းတွင်
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်ကိုကို(စက်မှုတက္ကသိုလ်)ဦးဆောင်၍ ပြင်ပပညာရှင်ဒေါက်တာအောင်ထွန်းသက်ကို ဖိတ်ခေါ်ကာ"Leadership and Followership" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ခေါင်း ဆောင် ကောင်းတစ်ဦးတွင်ရှိရမည့် အရည်အချင်း အရည် အသွေးများနှင့်နောက်လိုက်ကောင်းတစ် ယောက်တွင်ရှိရမည့် အရည်အချင်း အရည် အသွေးများကို ဆွေးနွေး ပြောကြားခဲ့ပါသည်။ဆွေးနွေးပွဲသို့မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဌဦးဟန်ဇော်၊ဒုဥက္ကဌ၊ဗဟိုကော်မတီဝင်များ ၊အင်ဂျင်နီယာ များ၊ မျိုးဆက်သစ် အင်ဂျင်နီယာ များ နှင့်စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ ကြပါသည်။ ဥက္ကဌ ဦးဟန်ဇော်မှအဖွင့် အမှာစကား ပြော ကြားခဲ့ပြီး၊မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီဥက္ကဌ ဦးမြင့်ဖေမှမျိုးဆက်သစ်အင်ဂျင်နီယာ များ Engineering နှင့်ပတ်သက် သောဗဟုသုတများသာမက ပြင်ပဗဟုသုတများပါရရှိ စေရန်ရည် ရွယ်ချက်ဖြင့် မျိုးဆက်သစ်ပျိုးခင်းစကားဝိုင်း ကိုပြုလုပ်ရခြင်း ဖြစ် ကြောင်း ရှင်းလင်းပြေကြားခဲ့ပါ သည်။တက်ရောက်သူများမ လည်းသိလိုသည်များကိုမေးမြန်းကြရာ ဒေါက်တာအောင်ထွန်းသက်နှင့် ကို ကို(စက်မှုတက္ကသိုလ်)တို့မှ ၀င်ရောက်ဆွေးနွေးပေးခဲ့သည်။ မျိုးဆက်သစ်ပျိုးခင်းစကားဝိုင်း ပထမပိုင်း အပြီးတွင် "Smart Marine Company"မှကော်ဖီ မုန့်တို့ ဧည့်ခံကျွေးမွေးခဲ့ပြီး ဒုတိယပိုင်းကိုနေ့လည် (၁၂)နာရီအထိကျင်းပပြု လုပ်ခဲ့ပါသည်။

The Third Wave's Issue

The Third Wave's Issue" (တတိယလှိုင်းပြသနာများ) ခေါင်းစဉ်ဖြင့် ဆွေးနွေးသော မျိုးဆက်သစ်ပျိုး ခင်းစကားဝိုင်း (၂/၂၀၀၉)ကိုကြဂုတ်လ (၂၂)ရက်၊ စနေနေ့နံနက်၉နာရီမှ၁၂နာရီအထိမြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း (FunctionHall) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ဒုတိယအကြိမ်ကျင်းပသောမျိုးဆက်သစ်ပျိုးခင်းစကားဝိုင်းသို့ မြန်မာနိုင်ငံအင်ဂျင် နီယာအသင်း ဥကက္ကဌ၊ ဒုဥက္ကဌ၊ ဗဟိုကော်မတီ ၀င်များ၊Young Engineers များနှင့် စိတ်ပါဝင်စား သူများတက် ရောက်ခဲ့ကြပါသည်။ တတိယအကြိမ်(၃/၂၀၀၉) ဆက်လက် ကျင်းပနိုင်ရန်အတွက်အလှုရှင်ရေစက်မိသားစုမှအလှုငွေ ကျပ်(၁၀)သိန်းကိုပေးအပ် လှုဒါန်းခဲ့သည်။

Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: