|
||||||||
|
(၁-၅-၂၀၁၁)မှ(၃၁-၄-၂၀၁၁)ထိလုပ်ဆောင်ချက်များ
(၂-၅-၂၀၁၁)တနင်္လာနေ့တွင်(၁)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့်ပါတ်သတ်သောအစည်းအဝေး ပြုလုပ်ပါသည်။ (၂) UN-Habitat မှ တာဝန်ရှိသူများနှင့် ဥက္ကဋ္ဌဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးကြပါသည်။
(၃-၅-၂၀၁၁) အင်္ဂါနေ့တွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ညှိနှိုင်း အစည်းအဝေးသို့ GS ဦးကိုကိုကြီး၊ JGS ဦးအုန်းမြင့်တို့ တက်ရောက်ပါသည်။
(၅-၅-၂၀၁၁) ကြာသာပတေးနေ့တွင် (၁) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်ရုံး) ဖွင့်ပွဲသို့ ဥက္ကဋ္ဌ ဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြပါသည်။ (၂) မီးသတ်ဦးစီးဋ္ဌာန(ရုံးချုပ်)တွင် ကျင်းပပြုလုပ်သော (၆၅)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြန်ကြားရေးမှူး ဦးမြင့်အောင် တက်ရောက်ပါသည်။ (၃) အလုပ်သမားညွှန်ကြားရေးဦးစီးဋ္ဌာနမှ ပြင်ဆင်ရေးဆွဲလျှက်ရှိသော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအား အရှိန်အဟုန်မြှင့် ရေးဆွဲဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း လုပ်ငန်းကော်မတီဝင် ဦးအေးလွင် (ဒုလက်ထောက်ညွှန်ကြားရေးမှူး၊ အမှတ်(၂)စက်မှုဝန်ကြီးဋ္ဌာန) တက်ရောက်ပါသည်။ (၄) မြန်မာနိုင်ငံမြေငလျင်ကော်မတီ (3rd International Workshop on Seismotectonics in Myanmar and Earthquake Risk Management SMERM 2011) ပြုလုပ်ပါသည်။
(၇-၅-၂၀၁၁) စနေနေ့တွင် (၁) (၅/၂၀၁၁)ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံ ဗိသုကာအသင်း Seminar ပြုလုပ်ပါသည်။
(၈-၅-၂၀၁၁) တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဂေါက်သီးရိုက်ကစားပွဲ ပြုလုပ်ပါသည်။
(၉-၅-၂၀၁၁) တနင်္လာနေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှ ဦးစီးကျင်းပသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖွင့်လှစ်မည့် “သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု သင်တန်း(၂/၂၀၁၁)”တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုယ်စားလှယ်အဖြစ် GS ဦးကိုကိုကြီးမှ တက်ရောက်သင်တန်းပို့ချပါသည်။
(၁၀-၅-၂၀၁၁) အင်္ဂါနေ့တွင် REDD-Plus သင်တန်း၊ CDM သင်တန်းနှင့် ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ လုပ်ငန်းကော်မတီဝင် ဒေါ်ခင်ပြုံးဝေ တက်ရောက်ပါသည်။
(၁၁-၅-၂၀၁၁) ဗုဒ္ဓဟူးနေ့တွင် (၁)OJT Committee မှ JFEE 8th Batch 2nd Group သင်တန်းသားများ စာချုပ်ချုပ်ဆိုပါသည်။ (၂) Special Project Committee Meeting ပြုလုပ်ပါသည်။ (၃) ကျန်းမာရေးဝန်ကြီးဋ္ဌာန နေပြည်တော်တွင် ကျင်းပသည့် “ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ် (၂၀၁၁-၂၀၂၀)” ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် တက်ရောက်ပါသည်။
(၁၂-၅-၂၀၁၁) ကြာသာပတေးနေ့တွင် (၁)အလုပ်သမားညွှန်ကြားရေးဦးစီးဋ္ဌာနမှ ပြင်ဆင်ရေးဆွဲလျက်ရှိသော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအား အရှိန်အဟုန်မြှင့် ရေးဆွဲ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်) အတွင်းရေးမှူး ဦးဝင်းနိုင် တက်ရောက်ပါသည်။ (၂) AER Chapter Meeting ပြုလုပ်ပါသည်။ (၃) ရန်ကုန်မြို့ အင်းယားလိပ်ဟိုတယ်တွင် ကျင်းပသည့် (၆၃)ကြိမ်မြောက် အစ္စရေးနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် တက်ရောက်ပါသည်။
(၁၃-၅-၂၀၁၁) သောကြာနေ့တွင် (၁) UNICEF နှင့် MES မှ တာဝန်ရှိလူကြီးများ WASH Mou Discussion နှင့် ပါတ်သတ်ပြီး တွေ့ဆုံဆွေးနွေးပါသည်။ (၂)UNICEF မှ ပြုလုပ်သည့် ဆွေးနွေးညှိနှိုင်းအစည်းအဝေးသို့ CC ဦးလှဘော် တက်ရောက်ပါသည်။ (၃) CVT Training နှင့် MES တို့ ပူးပေါင်းဖွင့်လှစ်မည့် သင်တန်းနှင့် ပါတ်သတ်၍ ညှိနှိုင်းဆွေးနွေးကြပါသည်။
(၁၄-၅-၂၀၁၁) စနေနေ့တွင် Standard Committee Meeting ပြုလုပ်ပါသည်။
(၁၆-၅-၂၀၁၁) တနင်္လာနေ့တွင် မြန်မာ့စက်မှုတိုးတက်ဖွံ့ဖြိုးမှု အထောက်အကူပြု အင်ဂျင်နီယာဘာသာရပ် သင်ကြားရေးဏ္ဍဖြစ်စဉ်နှင့် တိုးတက်ပြောင်းလဲလာမှု ခေါင်းစဉ်ဖြင့် ဦးဘသန်း၊ ဦးထွန်းရွှေ၊ ဦးမျိုးကြည်၊ ဦးထင်မြိုင်တို့မှ ဟောပြောဆွေးနွေးပါသည်။
(၁၈-၅-၂၀၁၁) ဗုဒ္ဓဟူးနေ့တွင် (၁) MERI and UMFCCI တို့ ပူးပေါင်းပြုလုပ်ကျင်းပသော “Investment Climate in Asia and The Role of Economic Infrastructure ” Seminar သို့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် တက်ရောက်ပါသည်။ (၂) AER Chapter Meeting ပြုလုပ်ပါသည်။ (၃) Special Project Committee Meeting ပြုလုပ်ပါသည်။ (၄) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှ ဦးစီးကျင်းပသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဖွင့်လှစ်မည့် “သဘာဝဘေးကြိုတင် ကာကွယ်ရေးစီမံခန့်ခွဲမှု သင်တန်း(၃/၂၀၁၁)”တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုယ်စားလှယ်အဖြစ် GS ဦးကိုကိုကြီးမှ တက်ရောက်သင်တန်းပို့ချပါသည်။
(၁၉-၅-၂၀၁၁)ကြာသာပတေးနေ့တွင် (၁) Japan Consultlant အဖွဲ့နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပါသည်။ (၂) UN-Habitat အဖွဲ့နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပါသည်။
(၂၀-၅-၂၀၁၁)သောကြာနေ့တွင် (၁) Basic Mechanical Technology Training သင်တန်းဖွင့်လှစ်နိုင်ရန် အတွက် CVT Myanmar မှ Director ဒေါ်ယဉ်ယဉ်အေးနှင့် MES မှ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းတို့ တွေ့ဆုံဆွေးနွေးကြပါသည်။ (၂)မြန်မာနိုင်ငံ ဗိသုကာအသင်း Seminar ပြုလုပ်ပါသည်။
(၂၁-၅-၂၀၁၁)စနေနေ့တွင် MES Building Committee Meeting ပြုလုပ်ပါသည်။
(၂၃-၅-၂၀၁၁)တနင်္လာနေ့တွင် (၁)Basic Mechanical Technology Training သင်တန်းဖွင့်ပွဲ ပြုလုပ်ပါသည်။ (၂) သစ်တောရေးရာဝန်ကြီးဋ္ဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယဥက္ကဋ္ဌ ဦးလင်းနှင့် ဗဟိုကော်မတီဝင် ဒေါ်မူမူအေးတို့ တက်ရောက်ပါသည်။ (၃) စင်္ကာပူ နိုင်ငံတွင် ပြုလုပ်သော BoJ Meeting for Energy Management သို့ ဥက္ကဋ္ဌဦးဝင်းခိုင် တက်ရောက်ပါသည်။
(၂၄-၅-၂၀၁၁)အင်္ဂါနေ့တွင် (၁) အစ္စရေးစိုက်ပျိုးရေးပညာသင်ဆုနှင့် ပါတ်သတ်ပြီး အစ္စရေးသံအမတ်ကြီးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးကြပါသည်။ (၂) စင်္ကာပူနိုင်ငံ EMA/EDB and NEA အဖွဲ့များက ကြီးမှူးပြုလုပ်သော BoJ Meeting for Energy Management နှင့် National Energy Efficiency Conference သို့ ဥက္ကဋ္ဌဦးဝင်းခိုင် တက်ရောက်ပါသည်။ (၃)MES Building Committee Meeting ပြုလုပ်ပါသည်။
(၂၅-၅-၂၀၁၁) ဗုဒ္ဓဟူးနေ့တွင် (၁) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနမှ ဦးစီးကျင်းပသော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဖွင့်လှစ်မည့် “သဘာဝဘေးကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှု သင်တန်း(၄/၂၀၁၁)”တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကိုယ်စားလှယ်အဖြစ် GS ဦးကိုကိုကြီးမှ တက်ရောက် သင်တန်းပို့ချပါသည်။ (၂)အစ္စရေးစိုက်ပျိုးရေးပညာသင်ဆုအတွက် Interview ပြုလုပ်ပါသည်။ လျှောက်ထားသူ(၁၉)ဦးမှ (၁၇)ဦး ရွေးချယ်ခံရပါသည်။ (၄) စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော BoJ Energy Efficient Buildings Meeting သို့ လုပ်ငန်းကော်မတီဝင် ဦးဆန်းဦး (VP,AMA) တက်ရောက်ပါသည်။ (၅) AER Chapter မှ အာဆီယံအင်ဂျင်နီယာ လျှောက်ထားသူများအား Interview ပြုလုပ်ပါသည်။
(၂၆-၅-၂၀၁၁)ကြာသာပတေးနေ့တွင် စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော AEMAS Regional Steering Climate Meeting သို့ ဥက္ကဋ္ဌဦးဝင်းခိုင် တက်ရောက်ပါသည်။
(၂၇-၅-၂၀၁၁)သောကြာနေ့တွင် (၁)မြန်မာနိုင်ငံမြေငလျင်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂) စင်္ကာပူနိုင်ငံတွင် ပြုလုပ်သော ASEAN EE & C – SSN Annual Meeting သို့ ဥက္ကဋ္ဌဦးဝင်းခိုင် တက်ရောက်ပါသည်။
(၂၈-၅-၂၀၁၁)စနေနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပညာရွှေအိုး (Aureus Services Co.,Ltd)တို့ ပူးတွဲစီစဉ်မှုဖြင့် “Great Construction Projects in Modern China” ခေါင်းစဉ်ဖြင့် Mr.Zhu Lei, Ph.D(Lecturer, School of Civil and Transportation Engineering ,Beijing University of Civil Engineering and Architecturer)က ဟောပြောဆွေးနွေးပါသည်။ (၂) Myanmar Geoscience Society Meeting ပြုလုပ်ပါသည်။ (၃) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များနှင့် AER လက်မှတ်ရရှိသူများ တွေ့ဆုံပွဲ ပြုလုပ်ပါသည်။
(၂၉-၅-၂၀၁၁)တနင်္ဂနွေနေ့တွင် Thamada Hotel Business Suit တွင် Myanmar Agress Capacity Development Centre မှ AIT နှင့် ပူးပေါင်းကျင်းပသော Corporate Social Responsibility Workshop သို့ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း တက်ရောက်ပါသည်။
(၃၀-၅-၂၀၁၁)တနင်္လာနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပါတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သော Hydrochlorofluro carbon (HCFCs) လျှော့ချရပ်ဆိုင်းရေး လုပ်ငန်းအတွက် Data ကောက်ယူရန် JGS ဒေါ်ကြည်ကြည်ပြုံး နှင့် YE များ ပုဂံဒေသသို့ သွားရောက်ကြပါသည်။
(၃၀-၅-၂၀၁၁)အင်္ဂါနေ့တွင် MES Group 4 Meeting ပြုလုပ်ပါသည်။
|
|||||||
|
||||||||