User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?
မီးရထားဝန်ကြီးဌာနမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင်များအား ဂုဏ်ပြုခြင်း
ဝန်ကြီး ဗိုလ်ချုပ်အောင်မင်း ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပုဂ္ဂိုလ်များ ကို ဂုဏ်ပြုခြင်း













၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၅ရက်နေ့ တွင် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ဖိတ်ကြားသည့် မြန်မာမီးရထားမှလိုအပ်သောစက်ခေါင်း ၊တွဲ စက်ကရိယာနှင့် စက်အရန်ပစ္စည်း များအား ပြည်တွင်းလုပ်ငန်းရှင် များသို့  ရှင်းလင်းပြသဆွေးနွေးခြင်း အခမ်း အနားတွင်ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းမှ မီးရထား စက် ခေါင်းနှင့်လူ စီးတွဲများ၌ L.E.Dမီးသီးများအသုးံပြုနိုင်ရေး
နည်းစနစ်များအကြံပေးကူညီခဲ့သူ မြန်မာ အင်ဂျင်နီယာ အသင်း မှအလုပ်အမှုဆောင် ၊ ပညာရှင် ၊ ဦးမြင့်ဇော်အား လည်းကောင်း၊ မြန်မာမီးရထားသုံးသံနှင့် သံမဏိအရန်ပစ္စည်းများ ပြည်တွင်း၌ အောင်မြင်စွာထုတ်လုပ်နိုင်ရေး အတွက် သတ္တုများ အရည်အသွေး စမ်းသပ်ဖေါ်ထုတ်ခြင်း၊ ထုပ်လုပ်မှု နည်းပညာနှင့် သတ္တု အမျိုးအစားရွေးချယ် အကြံပြုပေးခဲ့သူ မြန်မာ နိုင်ငံအင် ဂျင်နီယာ အသင်း၊ ဒုတိယဥက္ကဌ၊ ပညာရှင်၊ အငြိမ်းစား ဗိုလ်မှုးကြီး ဥာဏ်ထွန်းဦး B.E.(Metallurgy) နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းဝင်၊အငြိမ်းစား တွဲဖက်ပါမောက္ခဦးညွှန့်ဌေး M.E. (Metallurgy) တို့အား လည်းကောင်း၊ မြစ်ငယ်စက်ရုံ Spring Production Plant အရေးအသွေး မြှင့်တင်ရေးအတွက်အကြံပေးခဲ့သူ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင် အငြိမ်းစား ပါမောက္ခ ဦးတင်မောင်ညွှန့် M.E. (Metallurgy) အားလည်းကောင်း၊ ရထားတွဲသုံးဘိုဂီများ ပြည်တွင်း ထုတ်လုပ်ရန် အကြံဥာဏ်ပေးခဲ့သူ မြန်မာ နိုင်ငံအင်ဂျင်နီ ယာအသင်း အကျိုး ဆောင်စာရင်းစစ် ၊ အငြိမ်းစား အထွေထွေမန်နေဂျာ ဦးတင်မောင်ညွှန့်  B.E.(Mechanical) အားလည်းကောင် Vacuum Brake Cylinder, Buffer Head, Axle Box များအပါအဝင် ရထားစက်ခေါင်းနှင့် တွဲအရန်ပစ္စည်းများကို ထုတ်လုပ်ပေးသွင်း နေသူ မြန်မာ အင်ဂျင်နီယာအသင်းဝင်၊ သတ္တုဗေဒအင်ဂျင်နီယာထုတ်ကုန် သမဝါယမအသင်း ဥက္ကဌ၊ ဦးမြင့်အောင် B.E. (Metallurgy)အားလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုတော်ငွေ ကျပ်သုံးသိန်းစီကို ပေး အပ်ချီးမြှင့် ခဲ့ပါသည်။ မီးရထား ဝန်ကြီး ဌာန၊ မီးရထားများအတွက် လိုအပ် သော အရန်များပြည်တွင်း၌ အောင်မြင်စွာထုတ် လုပ်အသုံးပြုနိုင်ရန် အကြံဥာဏ်ပေး၊ကူညီပံ့ပိုးခဲ့ ကြသည့် မြန်မာနိုင်င်ငံ အင်ဂျင်နီ ယာအသင်းဝင် (၆)ဦး ကို မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းမှ ဆုတံဆိပ်နှင့် ဆုတော်ငွေများ ချီးမြှင့်ခဲ့သည်ကို မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း အနေဖြင့် ဂုဏ်ယူမှတ်တမ်းတင်ပါသည်
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: