မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း
(၁.၇.၂၀၁၀)မှ(၃၀.၇.၂၀၁၀) အထိ ဆောင်ရွက်ချက်များ |
 (၁-ရ-၂၀၁၀)ကြာသာပတေးနေ့တွင် (၁)အိန္ဒိယ အာဆီယံ ဈေးရောင်းပွဲကျင်းပရန်ကိစ္စ၊ မြန်မာ-ဗီယက်နမ် (ဟနွိုင်း) ကုန်စည်ပြပွဲကိစ္စနှင့် Nanning CAEXPO Commodity HallPavillion တည်ဆောက်ခြင်းနှင့် ပတ်သတ်၍ ညှိနှုင်းအစည်းအဝေးသို့ MES မှ ခေတ္တဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူးကြီးဥာဏ်ထွန်းဦးနှင့် GS ဦးအောင်မြင့်တို့ တက်ရောက်ပါသည်။
(၂)ဇူလိုင်လ(၁ရက်မှ၂ရက်ထိ)နေပြည်တော်တွင် MES,ADPCနှင့်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဋ္ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် Workshop on Disaster Risk Reduction တွင် IPP ဦးသန်းမြင့်၊ Dr.၀င်းဆွေ၊ Dr.ဦးသိန်း၊ Mr.SudhirKumar တို့ ဆွေးနွေး ပို့ချပါသည်။ ED ဦးမြင့်စိုး၊ ADPC, Eduction , Health မှ ပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်။
(၃) JFEE 8th Batch အတွက် စာချုပ်ချုပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပါသည်။ MES မှ ဦးကျော်စန်ဝင်း၊ ဦးလင်း၊ ဦးတင်မောင်ညွန့်၊ ဦးမြင့်ဖေ၊ဦးအုန်းမြင့်၊ JFEE Yangon Office မှ Mr.Seike တို့ တက်ရောက်ပါသည်။(၄) ရှန်ဟိုင်းကုန်စည်ပြပွဲသို့ တက်ရောက်ရန်အတွက် ဒုဥက္ကဋ္ဌဦးလင်း ဦးဆောင်သည့် အဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ (၅)သင်တန်းသား (၃၆)ဦးတို့သည် သင်တန်း ကာလ(၃)နှစ်ပြည့်၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပါသည်။ |
 (၃-၇-၂၀၁၀)သောကြာနေ့တွင် (၁) MES နှင့် Myanmar Credent Technology တို့ပူးပေါင်းဖွင့်သည့် Basic Digital Survey Training ဖွင့်ပွဲအခမ်းအနားတွင် ခေတ္တဥက္ကဋ္ဌအငြိမ်းစား ဗိုလ်မှူးကြီးဥာဏ်ထွန်းဦး အဖွင့်အမှာစကားပြောကြားပြီး Credent Technology မှ MD ဦးဇော်နိုင်က သင်တန်းဖွင့်လှစ်ခြင်း အကြောင်း ပြောကြားပါသည်။ သင်တန်းကာလမှာ စနေ၊တနင်္ဂနွေ (၄)ပါတ်ဖြစ်ပါသည်။ (၂)MES Fellow စီစစ်ရွေးချယ်ရေးအတွက် အစည်းအဝေးပြုလုပ်ပါသည်။ သတ်မှတ်စည်းမျဉ်းနှင့် ကိုက်ညီသူ ဒေါက်တာခင်မောင်ထွန်း၊ ဦးသော်၊ ဒေါ်ဋ္ဌေးဋ္ဌေးဝင်း၊ ဦးစောလင်း၊ ဦးရဲချစ်ဖေတို့အား MES Fellow အဖြစ်သတ်မှတ်ခဲ့ပါသည်။ (၃)Programmable Logic Controller သင်တန်းစတင်ဖွင့်လှစ်ပါသည်။ (၄)(၇/၂၀၁၀)ဗဟိုကော်မတီအစည်းအဝေး ပြုလုပ်ပါသည်။ |
 (၅-၇-၂၀၁၀)တနင်္လာနေ့တွင် (၁)MKRC & WKRC (PIC) အစည်းအဝေးပြုလုပ်ပါသည်။IPP ဦးသန်းမြင့်၊ GS ဦးအောင်မြင့်၊ JGS ဦးကိုကိုကြီး၊ JGS ဦးမြင့်ဖေ၊ ED ဦးမြင့်စိုး၊ Ms.Mitsuko Shikada (Project Mange, MKRC & WKRC) တို့ တက်ရောက်ပါသည်။ (၂) ဂျပန်နိုင်ငံ JFEE မှ Senior Managing Director Mr.T.Eguchi သည် အသင်းမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံပါသည်။ ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်း၊ ဦးကျော်စန်ဝင်း၊ JGS ဦးမြင့်ဖေ၊ CEC ဦးအုန်းမြင့်၊ ED ဦးမြင့်စိုး တို့ တက်ရောက်ပါသည်။(၃) Red Cross မှ အဖွဲ့ဝင်များနှင့် MES မှ IPP ဦးသန်းမြင့်တို့ တွေ့ဆုံပါသည်။ |

(၆-၇-၂၀၁၀)အင်္ဂါနေ့တွင် ဓနုတ်စေတီတော် ပြန်လည်တည်ဆောက်ရေးအချက်အလက်များ ရှာဖွေလေ့လာရေး ဆပ်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။
|

(၇-၇-၂၀၁၀)ဗုဒ္ဓဟူးနေ့တွင် (၁) Myanmar Earthquake Committee (Training Workshop on Seismic Hazard Assessment in Review)ပြုလုပ်ရန်ကိစ္စ အစည်းအဝေးပြုလုပ်ပါသည်။ (၂) JFEE 8th Batch အတွက် JFEE နှင့် စာချုပ်ချုပ်ရန်ကိစ္စ နှင့် စပ်လျဉ်းပြီး CMC များနှင့် ညှိနှုင်း အစည်းအဝေး ပြုလုပ်ပါသည်။ (၃) Office Management Committee Meeting ပြုလုပ်ပါသည်။ (၄) စိုက်ပျိုးရေးသင်တန်းသား လျှောက်ထားသူများအား အစ္စရေးသံအမတ် Mr.Yaronmayer နှင့် Ramat Negev Desert Agroresearch Center Manager Mr.Zion Shemer တို့က Interview ပြုလုပ်ပါသည်။ MES မှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိန်မြင့်၊ ED ဦးမြင့်စိုးတို့ တက်ရောက်ပါသည်။ (၅) ဂျပန်ဖောင်ဒေးရှင်း၏ East Asia Future Leaders Programme ၂၀၁၀ အရ ဇူလိုင်(၈)မှ (၂၀)ရက်နေ့အထိ ပြုလုပ်ကျင်းပမည့် အာရှအရှေ့နိုင်ငံများမှ လူငယ်အင်ဂျင်နီယာများ တွေ့ဆုံနှီးနှောပွဲ Community Design Group : 2010သို့တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ မျိုးဆက်သစ်အင်ဂျင်နီယာမောင်ကြည်မင်းသူနှင့် မယုဝေယံသိန်းတန် (မန္တလေးရုံးခွဲ)တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး / YE ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဖေ နှင့် ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင်တို့ ပို့ဆောင်နှုတ်ဆက်ကြပါသည်။
|
 (ရ-၆-၂၀၁၀) တနင်္လာနေ့တွင် မြန်မာနိုင်ငံရေကျောင်းပညာတက္ကသိုလ်တွင် Mobility of Engineers, Accreditation and Accords ခေါင်းစဉ်ဖြင့် IPP ဦးသန်းမြင့် ဟောပြောပါသည်။ |
 (၈-၇-၂၀၁၀)ကြာသာပတေးနေ့တွင်(၁)၀ါဆိုသင်္ကန်းပွဲအတွက် လူမှုရေးကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ ဦးကိုကိုကြီး၊ ဦးညွန့်မောင်စန်း၊ ED ဦးမြင့်စိုးနှင့် UN Habitat မှပုဂ္ဂိုလ်များ တွေ့ဆုံကြပါသည်။ |

(၉-၇-၂၀၁၀)သောကြာနေ့တွင် JFEE 5th Batch အတွက် ၃ ရာခိုင်နှုန်း အလှူငွေကိစ္စ Meeting ပြုလုပ်ပါသည်။ |

(၁၀-၇-၂၀၁၀) စနေနေ့တွင် (၁) UP2 Training Center တွင်ပြုလုပ်သည့် Welding Course, Auto CAD Course, Air-con & Refrgeration Repair Course Exam ဖြေတိုသူများအား JGS ဒေါ်ကြည်ကြည်ပြုံး၊ CEC ဦးအုန်းမြင့်၊ လုပ်ငန်းကော်မတီ ဦးကိုကိုနိုင် တို့က စာမေးပွဲကြီးကြပ်သူအဖြစ် ဆောင်ရွက်ကြပါသည်။ (၂) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာကုန် စည်ပြပွဲသို့ လေ့လာရေးသွားရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလင်း ဦးဆောင်သော အဖွဲ့ဝင် (၁၇) ဦးပါဝင်သော အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင်တို့ ပို့ဆောင်နှုတ်ဆောင်ကြပါသည်။(၃) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပပြုလုပ်နေသည့် ကမ္ဘာကုန်စည်ပြပွဲသို့ လေ့လာရေးသွားရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလင်း ဦးဆောင်သော အဖွဲ့ဝင် (၁၇) ဦးပါဝင်သော အဖွဲ့သည် ကမ္ဘာတစ်ဝန်း မြို့ပြဆိုင်ရာတည်ဆောက်မှု၊ ဖွံဖြိုးတိုးတက်မှု၊ကမ္ဘာ့ နိုင်ငံများ၏ နည်းပညာဆိုင်ရာများကို ဇူလိုင်လ (၁၀-၁၅) ရက်နေ့အထိ လေ့လာကြပါသည်။ |
 (၁၀-၆-၂၀၁၀)ကြာသာပတေးနေ့တွင် (၁)ရှန်ဟိုင်းကုန်စည်ပြပွဲသို့ သွားရောက်လေ့လာနိုင်ရန်နှင့် စပ်လျဉ်း၍ အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဋ္ဌာနမှဝန်ကြီးနှင့်လာရောက်တွေ့ဆုံရန် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြီးဥာဏ်ထွန်းဦး(ငြိမ်း)၊ GS ဦးအောင်မြင့်တို့ တက်ရောက် ခဲ့ပါသည်။ (၂)Tech Digest magazine Committee Meeting ပြုလုပ်ပါသည်။ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၊ လုပ်ငန်းကော်မတီဝင်ဦးစောလင်း၊ED ဦးမြင့်စိုးတို့ တက်ရောက်ပါသည်။ |

(၁၂-၇-၂၀၁၀) တနလာင်္နေ့တွင် JFEE Welding 8th Batch အတွက် MOU, Addendum (AOA) စာချုပ်ချုပ်ရန်ကိစ္စ JFEE(Japna) Mr.Takeuchi အဖွဲ့နှင့် အသင်းမှ IPP ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်းဝင်း၊ GS ဦးအောင်မြင့်၊ CEC ဦးသန်းထွန်းအောင်၊ ED ဦးမြင့်စိုး၊ Legal Adviser ဦးတင်ထွန်းတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ |

(၁၃-၇-၂၀၁၀) အင်္ဂါနေ့တွင် (၁) Myanmar Red Cross Society ကြီးမှုးကျင်းပသော Forum on Disaster Risk Reduction (DDR) in Myanamar သို့ ဦးသန်းမြင့်တက်ရောက် ဆွေးနွေးပါသည်။ (၂) JFEE Welding 8th Batch အတွက် MOU, Addendum (AOA) စာချုပ်တွင် လက်မှတ်ရေးထိုးကြပါသည်။ JFEE (Japan) Mr.Fukushima, Mr.Takeuchi, Mr.EBa, Mr.Seike, Ko Aung Soe Moe Min နှင့် အသင်းမှ IPP ဦးသန်းမြင့်၊ ဒုတိကဥက္ကဋ္ဌ ဦးကျော်စန်းဝင်း၊ GS ဦးအောင်မြင့်၊ CEC ဦးသန်းထွန်းအောင်၊ ED ဦးမြင့်စိုး၊ Legal Adviser ဦးတင်ထွန်းတို့ တက်ရောက်ကြပါသည်။ (၃) JFEE Meeting ပြုလုပ်ပါသည်။ |

(၁၄-၇-၂၀၁၀) ဗုဒ္ဓဟူးနေ့တွင် (၁)ဓနုတ်စေတီတော်ပြန်လည်တည်ဆောက်ရေး အချက်အလက်များရှာဖွေ လေ့လာရေးဆပ်ကော်မတီ ပြုလုပ်ပါသည်။(၂) Korea-Myanmar NGV Seminar သို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ခေတ္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦး တက်ရောက်အဖွင့်မှာ စကားပြောကြားပါသည်။(၃) Private University ကိစ္စအစည်းအဝေး ပြုလုပ်ပါသည်။ ခေတ္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦး၊ IPP ဦးသန်းမြင့်၊ ဒုတိကဥက္ကဋ္ဌ ဦးဝင်းခိုင်၊ GS ဦးအောင်မြင့်၊ CEC ဦးသန်းထွန်းအောင်၊ ED ဦးမြင့်စိုး၊ Prof: Dr.ခင်နီနီသိန်း (South East Asia & GMS Group.1) နှင့် WRTC, Myanmar အဖွဲ့ တက်ရောက်ပါသည်။ |

(၁၉-၇-၂၀၁၀) တနလာင်္နေ့တွင် AMA ကျောင်းသား/ကျောင်းသူများ ဆရာကန်တော့ပွဲ ကျင်းပပြုလုပ်ပါသည်။ |

(၂၀-၇-၂၀၁၀) အင်္ဂါနေ့တွင် MKRC & WKRC (PIC) အစည်းအဝေး ပြုလုပ်ပါသည်။ GS ဦးအောင်မြင့်၊ JGS ဦးကိုကိုကြီး၊ JGS ဦးမြင့်ဖေ၊ ED ဦးမြင့်စိုး၊ Ms.Mitsuko Shikada (Project Manager, MKRC & WKRC) တို့ တက်ရောက်ပါသည်။ |

(၂၃-၇-၂၀၁၀) သောကြာနေ့တွင် Asean Academy of Engineering and Technology-AAET, Pile Talk (Speaker: Dato Ir. Hong Lee Pee & Ir.Choo Kok Beng) ဟောပြောခြင်းနှင့် AAET Fellowship Certificate လက်မှတ် ပေးအပ်ပွဲကျင်းပပြုလုပ်ပါသည်။ AAET Fellowship ရှိသူအမှတ်(၂) လျှပ်စစ်စွမ်းအားဒု-၀န်ကြီး ဒေါက်တာဝင်းမြင့်၊ ဒေါက်တာစိန်မြင့်၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာအောင်ကျော်မြတ်တို့အား AAET Fellowship လက်မှတ်ချီးမြှင့်ပေးအပ်ပါသည်။ |

(၂၄-၇-၂၀၁၀) စနေနေ့တွင် (၁)ကျောက်စိမ်းခန်းမတည်ဆောက်ရေးစီမံကိန်း (နေပြည်တော်) ဆောက်လုပ်ရေးနှင့်ပတ်သက်၍ အကြုံပြုဆွေးနွေးခြင်းပြုလုပ်ပါသည်။ ခေတ္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦး၊ ဒေါက်တာခင်သန်းယု၊ ဦးညွှန့်မောင်စန်း၊ ဦးစောထွေးဖော်၊ ဗိသုကာပညာရှင် ဦးသော်၊ ထူး ထရေးဒင်းမှ ဦးဇော်နိုင်၊ ဦးသူရိန်စိုး၊ ဦးဝေလင်းစိုး၊ AMC Co.,Ltd မှ ဦးအောင်ဖြိုး၊ ဒေါ်အေးသီတာကျော်၊ Myanmar Pile Co.,Ltd မှ ဒေါ်စိုးစိုးတို့ တက်ရောက်ပါသည်။(၂) မြန်မာနိုင်ငံ ဘူမိသပ္ပံအသင်း Seminar ပြုလုပ်သည်။ |

(၂၅-၇-၂၀၁၀) တနင်္ဂနွေနေ့တွင် Basic Digital Survey Training သင်တန်းဆင်းပွဲ ပြုလုပ်ပါသည်။ ခေတ္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦးက သင်တန်းဆင်းပွဲ အဖွင့်မှာစကား ပြောကြားပြီး တက်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်များက သင်တန်းသားများအား Certificate ပေးအပ်ပါသည်။ |

(၂၈-၇-၂၀၁၀) ဗုဒ္ဓဟူးနေ့တွင် MKRC & WKRC (PIC) အစည်းဝေးပြုလုပ်ပါသည်။ GS ဦးအောင်မြင့်၊ JGS ဦးကိုကိုကြီး၊ JGS ဦးမြင့်ဖေ၊ Ms. Mitsuko Shikada (Project Manager, MKRC&WKRC) တို့တက်ရောက်ပါသည်။ |

(၃၀-၇-၂၀၁၀) သောကြာနေ့တွင် (၁) Seminar on Long Term Trends in Technology Sector and the Role of Financial Markets Speaker- U Nay Aung(Director of Product Management, Saba Inc.,-Ex Google , USA) ပြုလုပ်ပါသည်။ (၂) ဓနုတ်စေတီတော် ပြန်လည်နေရာချထားရေး အချက်အလက်များ ရှာဖွေလေ့လာရေး ဆပ်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၃) Kotra Korea မှ Dr.Park, chulho, Jong-Sang, kim eotechnical သည် MES မှ ခေတ္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီးဉာဏ်ထွန်းဦး၊ ဦးသန်းမြင့်၊ ဦးလင်း၊ ဦးဝင်းခိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်စိုးတို့နှင့် လာရောက်တွေ့ဆုံပါသည်။ (၄) Association of Japan-Myanmar Mutual Cooperation မှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသို့ အင်ဂျင်နီယာဆိုင်ရာ စာအုပ်(၄၃)အုပ် လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ပါသည်။ (၅) Geotechnical Investigation အဖွဲ့၏ လေ့လာရေး Final Report ရေးသားရန်ကိစ္စ အစည်းဝေးပြုလုပ်ပါသည်။ |

(၃၁-၇-၂၀၁၀) စနေနေ့တွင် သတ္တမအကြိမ်မြောက် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပွဲ ကျင်းပပြုလုပ်ပါသည်။ |