|
||||||||
|
(၁-၁-၂၀၁၁)မှ(၃၁-၁-၂၀၁၁)ထိလုပ်ဆောင်ချက်များ
(၃-၁-၂၀၁၁)တနင်္လာနေ့တွင် (၁)နှစ်ပါတ်လည် အသင်းသားစုံညီညီလာခံကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။ (၂)မြန်မာနိုင်ငံ၏ကျေးလက်ဒေသများတွင်သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ကျေးလက်ဒေသမီးလင်းရေး၊ကျေးလက်ဒေသတွင် စာသင်ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပါတ်သတ်ပြီးMyanmar Engineers in Austrilia Association (MEAA)မှ ကိုဇင်မိုးနှင့် ကိုမောင်မောင်ဦးတို့က ဗဟိုကော်မတီဝင်များအား ဆွေးနွေးတင်ပြပါသည်။
(၆-၁-၂၀၁၁)ကြာသာပတေးနေ့တွင် MESနှင့် Concordia Co., Ltd ပူးပေါင်းတည်ထောင်ဖွင့်လှစ်သော MES Quality Control Labဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဋ္ဌ ဦးဟန်ဇော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး IPP ဦးသန်းမြင့်က MES Quality Control Labဖွင့်လှစ်ရသောရည်ရွယ်ချက်ကိုပြောကြားပါသည်။
(၇-၁-၂၀၁၁)သောကြာနေ့တွင်နှစ်ပါတ်လည်အသင်းသားစုံညီညီလာခံ၊စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားပြုလုပ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌဦးဟန်ဇော်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။စာတမ်းဖတ်ပွဲ ဆက်လက်ကျင်းပပါသည်။
(၈-၁-၂၀၁၁)စနေနေ့တွင် Myanmar Engineering Society, Living WithTechnology Expo2011ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာဋ္ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းနှင့် ဥက္ကဋ္ဌ ဦးဟန်ဇော်နှင့် ဒုတိယဥက္ကဋ္ဌဦးဝင်းခိုင်တို့ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးဥက္ကဋ္ဌဦးဟန်ဇော်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပါသည်။
(၉-၁-၂၀၁၁)တနင်္ဂနွေနေ့တွင် နှစ်ပါတ်လည်အသင်းသားစုံညီညီလာခံ၊ အာဆီယံအင်ဂျင်နီယာအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ASEAN Engineers Register (AER)ပေးအပ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌဦးဟန်ဇော်ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယပိုင်းရွေးချယ်တင်မြောက်ပွဲအခမ်းအနားတွင် အမှတ်(၂)စက်မှုဝန်ကြီးဋ္ဌာန၊ ဒုတိယ၀န် ကြီးဦးခင်မောင်ကျော် တက်ရောက်၍ သဘာပတိအဖြစ်ဆောင်ရွက်ပါသည်။
(၁၀-၁-၂၀၁၁)တနင်္လာနေ့တွင် နှစ်ပါတ်လည်သင်းသားစုံညီညီလာခံဂုဏ်ပြု Dinner ပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကျော်စန်ဝင်း၊ဦးလင်း၊ ဦးအောင်မြင့်၊ ဒေါက်တာအောင်ကျော်မြတ်၊ PP ဦးသန်းမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်သောဒေါ်ကြည်ကြည်ပြုံး၊ ဦးဝင်းမောင်၊ ဦးအုန်းမြင့်၊ ဘဏ္ဍာရေးမှူး ဦးခင်မောင်ချစ်၊ တွဲဖက်ဘဏ္ဍာရေးမှူး ဦးခင်မောင်ဝင်း၊ ပြန်ကြားရေးမှူး ဦးမြင့်အောင်၊ ED ဦးမြင့်စိုးနှင့် ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ YE များတက်ရောက်ကြပါသည်။ (၂) နှစ်ပါတ်လည်အသင်းသားစုံညီညီလာခံ၊ အာဆီယံအင်ဂျင်နီယာဆိုင်ရာဘွဲ့တံဆိပ်များပေးအပ်ပွဲနှင့် အလှူရှင်များအားဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားပြုလုပ်ပါသည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော် ၀န်ကြီးချူပ်ဦးသန်းစိန် တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။ (၃) Professional Engineer ခေါင်းစဉ်ဖြင့် Mr. ChooKokBeng (AER Commissioner)က ဟောပြောဆွေးနွေးပါသည်။
(၁၂-၁-၂၀၁၁)ဗုဒ္ဓဟူးနေ့တွင် ဓါတ်ငွေ့/ရေနွေးငွေ့စက်ရုံများနှင့် မဟာဓါတ်အားလိုင်းများတွင် အသုံးပြုသောစက်အရန်ပစ္စည်းနှင့် စက်အစိတ်အပိုင်းများခင်းကျင်းပြသပွဲအခမ်းအနားသို့ JGS ဒေါ်ကြည်ကြည်ပြုံးနှင့် CEC ဗိုလ်မှူးသောင်းဝင်း(ငြိမ်း)တို့ တက်ရောက်ပါသည်။
(၁၄-၁-၂၀၁၁)သောကြာနေ့တွင် (၁)ASEAN-Japan Seminar on Environment Improvement in the Transport Sectorသို့ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့် တက်ရောက်ပါသည်။(၂) JFEE Meeting ပြုလုပ်ပါသည်။ (၃) Technical Division Meeting ပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၊ Past President ဦးသန်းမြင့်တို့ တက်ရောက်ပါသည်။ (၄)MES Office bearers Meeting ပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၊ Past President ဦးသန်းမြင့်တို့ တက်ရောက်ပါသည်။ (၅) မြန်မာနိုင်ငံမြေငလျင်ကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။
(၁၅-၁-၂၀၁၁)စနေနေ့တွင် (၁)(၁/၂၀၁၁) ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။ (၂)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ နှစ်ပါတ်လည်အသင်းသားစုံညီညီလာခံကိုဂုဏ်ပြုသောအားဖြင့် မျိုးဆက်သစ်အင်ဂျင်နီယာကော်မတီမှ ဦးစီးဆောင်ရွက်သော(Living With Technology Expo 2011)တွင် လုပ်အားပေးပါဝင်ဆောင်ရွက်ကြသောမျိုးဆက်သစ် အင်ဂျင်နီယာများအတွက် ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပါသည်။ (၃)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပဉ္စမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဥက္ကဋ္ဌ ဦးဝင်းခိုင်နှင့် GS ဦးကိုကိုကြီးတို့ တက်ရောက်ပါသည်။ (၄)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Civil Engineer TD အဖွဲ့က ကြီးမှူး၍ "Civil Engineering Technopower, Stronger and Longer Bridges Construction"ခေါင်းစဉ်ဖြင့် ဦးအောင်ဆွေ ME(Civil),Tokyo University က ဟောပြောဆွေးနွေးပါသည်။
(၁၇-၁-၂၀၁၁)တနင်္လာနေ့တွင် JFEE မှ တာဝန်ရှိသူများနှင့် MES မှ တာဝန်ရှိသူများတွေ့ဆုံ၍ JFEE 9th Batch Weldingသင်တန်းသားများခေါ်ယူရန်အတွက် Meeting ပြုလုပ်ပါသည်။ Past President ဦးသန်းမြင့်၊ JGS ဦးအုန်းမြင့်တို့ တက်ရောက်ပါသည်။
(၁၈-၁-၂၀၁၁)အင်္ဂါနေ့တွင် (၁)Technical Development Position Paper အတွက် အစည်းအဝေးပြုလုပ်ပါသည်။ Past President ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးကျော်စန်ဝင်း၊ဦးလင်း၊ ဒေါက်တာအောင်ကျော်မြတ်တို့ တက်ရောက်ပါသည်။ (၂)Myanmar Earthquake Committee နှင့် Asian Disaster Preparedness Center တို့ Hazard Map Projectအတွက် အစည်းအဝေးပြုလုပ်ပါသည်။ (၃)Living WithTechnology Expo2011 နှင့်ပါတ်သတ်ပြီးစာရင်းရှင်းလင်းရန်အတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်ပါသည်။ (၄)JFEE 9th Batch Welding သင်တန်းသားများအားArbourfield Co., Ltd တွင် Welding Trade Test ပြုလုပ်ပါသည်။
(၂၁-၁-၂၀၁၁)သောကြာနေ့တွင် (၁)The first Gathering and Workshop for JENESYS Participantsသို့ ဒုတိယဥက္ကဋ္ဌဦးအောင်မြင့် တက်ရောက်ပါသည်။ (၂) JFEE မှ တာဝန်ရှိသူများနှင့် MES မှ တာဝန်ရှိသူများ တွေ့ဆုံ၍ JFEE 9thBatch Weldingသင်တန်းသားများခေါ်ယူရန်အတွက် Meeting ပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင်၊ Past President ဦးသန်းမြင့်၊ JGS ဦးအုန်းမြင့်တို့ တက်ရောက်ပါသည်။ (၃)IPP ဦးဟန်ဇော်ဦးဆောင်သောGroup 2, Committee Meeting ပြုလုပ်ပါသည်။
(၂၂-၁-၂၀၁၁)စနေနေ့တွင် Technical Divisions အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကျော်စန်ဝင်း၊ ဦးလင်း၊ ဦးအောင်မြင့်၊ ဒေါက်တာအောင်ကျော်မြတ်တို့ တက်ရောက်ဆွေးနွေးပါသည်။
(၂၃-၁-၂၀၁၁)တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း Seminar ပြုလုပ်ပါသည်။
(၂၄-၁-၂၀၁၁)တနင်္လာနေ့တွင် (၁)ဒုတိယဥက္ကဋ္ဌဦးလင်းဦးဆောင်သောGroup (5) Committee Meeting ပြုလုပ်ပါသည်။ (၂)ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်နှင့် Seoyeong Engineering Co., မှ Lee Young Hae - Trade Specialistတို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပဏာမတွေ့ဆုံဆွေးနွေးပါသည်။
(၂၅-၁-၂၀၁၁)အင်္ဂါနေ့တွင် MES Website နှင့်ပါတ်သတ်ပြီး Meeting ပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဝင်းခိုင် တက်ရောက်ပါသည်။
(၂၆-၁-၂၀၁၁)ဗုဒ္ဓဟူးနေ့တွင် (၁) MES Golf Tournment Committee Meeting ပြုလုပ်ပါသည်။ (၂) ရန်ကုန်မြို့ Prak Royal Hotel ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် JICA တို့ ပူးပေါင်းကျင်းပသောMaritime Disaster Seminarသို့ PP ဦးသန်းမြင့်၊ GS ဦးကိုကိုကြီး၊ YE ကိုစိုးပြည့်အောင်၊ မငြိမ်းမိုးရွှေတို့ တက်ရောက်ပါသည်။ (၃)ရွှေတိဂုံစေတီတော်ရှိရခိုင်တန်ဆောင်း၊ ဒေါ်ဒဂုံခင်ခင်လေးတန်ဆောင်းနှင့် ပြုပြင်ရေးအတွက် PP ဦးသန်းမြင့်၊ CEC ဦးညွန့်မောင်စန်း၊ CC ဦးစောထွေးဇော်တို့ သွားရောက်စစ်ဆေးပါသည်။ (၄)ရှေးဟောင်းအဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်းအတွက် အဆိုပါ အဆောက်အဦများသို့ PP ဦးသန်းမြင့်၊ ကွင်းဆင်း ကြည့်ရှုပါသည်။ (၅) Seoyeong Engineering Co.,မှ တာဝန်ရှိသူများနှင့် IPP ဦးဟန်ဇော်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်သော ဦးကျော်စန်ဝင်း၊ဦးအောင်မြင့်၊ GS ဦးကိုကိုကြီး၊ CEC ဦးခင်မောင်ဆယ်နှင့် CEO ဦးမြင့်စိုးတို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကဏာမတွေ့ဆုံဆွေးနွေးပါသည်။
(၂၈-၁-၂၀၁၁)သောကြာနေ့တွင် (၁)မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၌ ပြုလုပ်သောဟောပြောပွဲတွင် ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်းနှင့် အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီးတက်ရောက်ဟောပြောပို့ချပါသည်။ ဘဏ္ဍာရေးမှူး ဦးခင်မောင်ချစ်က Membership နှင့်ပါတ်သတ်၍ ရှင်းလင်းပြောကြားပါသည်။ (၂)Information Committee Meeting ပြုလုပ်ပါသည်။
(၂၉-၁-၂၀၁၁)စနေနေ့တွင် (၁)MES မှ တာဝန်ရှိလူကြီးများနှင့် MES Corporate Member Companies အဖွဲ့ဝင်ကုမ္ပဏီများမှ လူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါသည်။ (၂)Mining Technical Division ဆွေးနွေးပွဲ ပြုလုပ်ပါသည်။ (၃)Tech Digest Magazine Committeeဆွေးနွေးပွဲ ပြုလုပ်ပါသည်။ (၄)Management Committee Meeting ပြုလုပ်ပါသည်။ GS ဦးကိုကိုကြီး၊ JGS များဖြစ်သော ဦးဝင်းမောင်၊ဦးအုန်းမြင့်နှင့် ရုံးအဖွဲ့မှူး ဒေါ်အေးအေးမော်တို့ တက်ရောက်ပါသည်။
(၃၀-၁-၂၀၁၁)တနင်္ဂနွေနေ့တွင် Mechanicalကျောင်းသားဟောင်းများနှင့် ဆရာကန်တော့ပွဲ Mechanical TD တွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
(၃၁-၁-၂၀၁၁)တနင်္လာနေ့တွင် ဒုတိယဥက္ကဋ္ဌဦးကျော်စန်ဝင်း ဦးဆောင်သောroup (4) Committee Meeting ပြုလုပ်ပါသည်။
|
|||||||
|
||||||||