|
တန်ဖိုးနည်းနေအိမ်ရာ ဒီဇိုင်းပြိုင်ပွဲ ကျင်းပမည် |
|
မလေးရှားနိုင်ငံ အခြေစိုက် ASEAN Academy of Engineering and Technology (AAET) အဖွဲ့က ကြီးမှူး၍ ၀င်ငွေနည်း အများပြည်သူ လက်လှမ်းမီပြီး သဘာဝပါတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် တန်ဖိုးနည်း နေအိမ် စိတ်ကူးဒီဇိုင်းပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်ဒီဇိုင်းပြိုင်ပွဲတွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်နှင့် ဗိသုကာဘာသာရပ် အထူးပြု ဘွဲ့ရ/ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ အနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုဖြင့်သော် လည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်သူသည် စက်တင်ဘာ(၇)ရက်တွင် အသက်(၃၀)ထက် မကျော်သူ ဖြစ်ရမည်။ ပြိုင်ပွဲဝင် စိတ်ကူးဒီဇိုင်းများကို Hard Copy, Soft Copy များဖြင့် စက်တင်ဘာ (၇)ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း လှိုင်မြို့နယ် ရန်ကုန်သို့ လိပ်မူ၍ ပေးပို့ရမည် ဖြစ်သည်။
ကနဦးအကောင်းဆုံး ဒီဇိုင်းသုံးခုကို စက်တင်ဘာ(၉)ရက်တွင် အဖွဲ့ဖြင့် စီစစ်ရွေးချယ်ကြေညာပြီး AAET အဖွဲ့ဖြင့် နောက်ဆုံးရွေးချယ်ခံရသော ဒီဇိုင်းများအား ပထမဆု USD ၅၀၀၀ ၊ USD ၃၀၀၀ ၊ USD၂၀၀၀ နှင့် နှစ်သိမ့်ဆု ၁၀၀ (ဆု-၃၀)ကို ချီးမြှင့်မည်ဖြစ်ကြောင်း၊ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံအင် ဂျင်နီယာအသင်း ဖုန်း - ၅၁၉၆၇၃ - ၆ ၊ ၀၉ -၅၁-၄၁၃၂၂ တို့သို့ ပါသည်။
|
|
|
|
|