User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?


GIS နှင့် Google Earth လက်တွေ့အသုံးချသင်တန်းကို ၂၀၀၁ခုနှစ် မတ်လ ၂၆်၊ ဧပြီ ၂ ၊ ၃ ၊ နှင့် ၉ ရက် (စနေ၊ တနင်္ဂနွေ)နေ့များတွင်နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် e-Learing Center ၊ အဆောင် (၁) အခန်း (၄) ၌ ရက်သတ္တ (၂) ပတ် (သင်တန်းကာလ ၄ ရက်) ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။Google Earth ၀က်ဘ်ဆိုက်မှ အခမဲ့ရယူအသုံးပြုနိုင်သော ကောင်းကင်ဓါတ်ပုံ ၊ ဂြိုလ်တုပုံများကို စိုက်ပျိုးရေး၊ ဆည်မြောင်း၊စည်ပင်သာယာရေးလုပ်ငန်းများ ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများ၊ သဘာဝဘေးကာကွယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေး နှင့်လုံခြုံရေးဆိုင်ရာစီမံချက်များအတွက် GIS (Geographic Information System)ပထ၀ီသတင်းအချက်အလက်မြေပုံစနစ် (သို့မဟုတ်) ကွန်ပျူတာသုံး သတင်းအချက်အလက်မြေပုံစနစ်နှင့် ချိတ်ဆက်အသုံးပြုပုံများကို သင်ကြားပို့ချသွားမည်။
သင်တန်းတက်ရောက်ခြင်းဖြင့် မိမိသိရှိလိုသည့် နေရောဒေသများ၏ ကောင်းကင်ဓါတ်ပုံအား အလွယ်တကူရှာဖွေကြည့်ရှုနိုင်ခြင်း၊Google Earth မှ ကောင်းကင်ဂြိုလ်တု ဓါတ်ပုံ၊ မြေပုံများနှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ မိမိကိုယ်တိုင် မြေပုံများ ဖန်တီးပြုလုပ်နိုင်ခြင်း၊Google Earth ပေါ်တွင် မိမိတို့နှစ်သက်ရာ အဆောက်အအုံများ၊ လမ်းများ အစရှိသည်တို့ကို ကိုယ်တိုင်ဝင်ရောက်ဆွဲသားနိုင်ခြင်း၊ GIS နည်းပညာအခြေခံများ သိရှိနားလည်ပြီး Google Earth နှင့် GIS ချိတ်ဆက်အသုံးပြုခြင်း စသည်တို့ကို သင်ယူတတ်မြောက်စေမည်ဖြစ်သည်။ GIS နည်းပညာနယ်ပယ်တွင် ထိပ်တန်းဦးဆောင် ကုမ္ပဏီဖြစ်သော ESRI ကုမ္ပဏီမှ ArcGIS ဆော့ဖ်ဝဲနှင့် ချိတ်ဆက် အသုံးပြုသင်ကြားသွားပါမည်။
မိမိတို့ဆောင်ရွက်မည့်ဆောက်လုပ်ရေး၊ ဖွံဖြိုးတိုးတက်ရေးစီမံကိန်းဒေသမြေပုံများကို ဂြိုလ်တုဓါတ်ပုံအခြေခံ၍ ရေးဆွဲနိုင်ကြပါမည်။ အင်ဂျင်နီယာလုပ်ငန်းများ၊ ပြည်တွင်းပြည်ပကုမ္ပဏီကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း (INGO) များတွင် ၀င်ရောက်လုပ်ကိုင်ရန်အတွက်လိုအပ်သော GIS နည်းပညာများကို အချိန်တိုအတွင်းသင်ယူလေ့လာခွင့်ရမည် ဖြစ်သည်။
အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံတကာ နှင့် မြန်မာနိုင်ငံအတွင်းရှိ အစိုးရ မဟုတ်သောအဖွဲ့အစည်း(NGO) များမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း၊ ၀ါသာနာရှင်အသင်းတို့မှ အသင်းဝင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသင်းဝင်များ ၊ကျောင်းသားကျောင်းသူများအတွက် သင်တန်းကြေးကို ၂၀% လျှော့၍ လက်ခံသွားပါမည်။
အစိုးရ၀န်ကြီးဌာနများ ၊ တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများ၊ ကုမ္ပဏီများ ၊ NGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် GIS သင်တန်းများကို သီးသန့်လာရောက် သင်ကြားစေလိုပါကလည်း ဆက်သွယ်နိုင်ကြပါသည်။
သင်တန်းနှင့်ပတ်သက်၍ စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို Myanmar Credent Technologyအဆောင် (၁) ၊အခန်း (၇) ၊ မြန်မာအင်ဖိုတက်ခ် ၊ ဖုန်းနံပတ် ၆၅၂၂၈၅ ၊ ၆၅၂၂၈၆ မသီတာထွန်းအောင်ထံသို့ အသေးစိတ် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ သင်တန်းသားဦးရေ (၂၀) ဦးသာ လက်ခံသင်ကြားမည်ဖြစ်ပါသဖြင့် သင်တန်တက်ရောက်လိုသူများသည် (၂၅-၃-၂၀၁၁) ရက်နေ့နှောက်ဆုံးထားပြီး မှတ်ပုံတင်ကြစေလိုပါသည်။
Myanmar Credent Technology (MCT) Room 7, Building 1, Myanmar Info-Tech, Universities' Campus, Hlaing Township, Yangon, Myanmar.11052 Tel:95-1-652285,652286 Fax:95- 1- 652286 WWW.credent-asia.com
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: