|
||||||||
|
သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် GIS နှင့် Remote Sensing နည်းပညာအသုံးချသင်တန်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ နည်းပညာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေသုံးသပ်နိုင်ရန် နှင့် သဘာဝဘေးအန္တရာယ်ပေါ်ပေါက် လာသည့်အခါဆုံးရှုံးမှု နည်းပါးစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုပြီး
ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (Myanmar Engineering Society-MES) နှင့် MyanmarCredent Techology တို့ပူးပေါင်း၍ သဘာဝဘေးန္တာရာယ် လျှော့ချရေးအတွက် GIS နှင့် Remote Sensing နည်းပညာအသုံးချသင်တန်း (GIS and Remote Sensing Applications for Disaster Risks Reduction)သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပါသည်။
အဆိုပါသင်တန်းကို မတ်လ 12၊13၊19၊20၊26၊ နှင့် 27 ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် နံနက် 9း00နာရီမှ ညနေ 4း00 နာရီအထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတွင် ရက်သတ္တ3ပတ် (သင်တန်းကာလခြောက်ရက်) ကြာဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပါသည်။ သင်တန်းတွင်သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေသုံးသပ်ချက်၊လိုအပ်သောသတင်းအချက် အလက်များ စုဆောင်းရယူခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးအစားအလိုက် ဖြစ်ပေါ်နိုင်သော ပျက်စီးဆုံးရှုံးမှုအမျိုးမျိုး၊ ကြိုတင်ပြင်ဆင်ကာကွယ်မှု၊ စောင့်ကြည့်လေ့လာမှု၊ စီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှုနည်းပါးစေရန်အတွက် အချိန်တို အတွင်း စီမံချက်များ ရေးဆွဲခြင်း၊ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုခြင်းနှင့် ပြန်လည် ထူထောင်ခြင်း များကိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရန်ခေတ်မီနည်းပညာများဖြစ်သည့်ပထ၀ီဝင်သတင်း အခက်အလက်စံနစ် (သို့မဟုတ်) သတင်းအချက် အလက် မြေပုံစံနစ်(GIS Geographic Information System) နှင့် ဂြိုလ်တုဓါတ်ပုံ၊ ကောင်းကင်ဓါတ်ပုံ အသုံးချခြင်း (Remote Sensing) နည်းပညာများကို သင်ကြားပို့ချပေးသွားပါမည်။
သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေး နှင့်ပြန်လည်ထူထောင်ရေး ဆောင်ရွက်လျက်ရှိသောအစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုလသမဂ္ဂ နှင့် လက်အောက်ခံအဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အသင်းဝင်များနှင့် ကျောင်းသားများ အတွက် သင်တန်းကြေး 20% လျှော့ပေးမည်ဖြစ်ပါသည်။
အစိုးရ၀န်ကြီးဌာနများ၊ တက္ကသိုလ်ကော်လိပ်များ၊ သင်တန်းကျောင်းများ၊ ကုမ္ပဏီများ၊ NGO အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် GISသင်တန်းများကို သီးသန့်လာရောက် သင်ကြားပေးစေလိုပါကလည်းဆက်သွယ်နိုင်ပါသည်။
သင်တန်းနှင့်ပတ် သက်၍ စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို Myanmar
Credent Technology အဆောင် (1)၊ အခန်း (7) ၊မြန်မာအင်ဖိုတက်ခ်၊ ဖုန်းနံပါတ် 652285၊ 652286
မသီတာထွန်းအောင်ထံသို့ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ သင်တန်းသားဦးရေ (20) ဦးသာ
လက်ခံသင်ကြားမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသူများသည် (11-3-2011) ရက်နေ့နောက်ဆုံးထားပြီး
မှတ်ပုံတင်ကြစေလိုပါသည်။
|
|||||||
|
||||||||