မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် Myanmar Credent Technology တို့ပူးပေါင်း ၍ ISRAELI EXPERIENCE IN ADVANCED TECHNILOGICAL EDUCATIO ခေါင်းစဉ်ဖြင့် ဟောပြောပွဲပကျင်းပမည် ဖြစ်ပါသည်..ဟောပြောမည့် ပုဂ္ဂိုလ်မှာ Mr.Benny Somech Regional(Director Asia and Africa),DeGem System Holding Ltd., Israel ဖြစ်ပါသည်။ ယင်းဟောပြောပွဲကို 2.4.2011(စနေနေ့) နံနက် 9 နာရီမှ 11:00 နာရီအထိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦ တွင် ကျင်းပြုမည် ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပါသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းသည် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်တန်းများ၊ နည်းပညာဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်မှုအခြေအနေသုံးသပ်နိုင်ရန် နှင့် သဘာဝဘေးအန္တရာယ်ပေါ်ပေါက် လာသည့်အခါဆုံးရှုံးမှု နည်းပါးစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြုပြီး ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (Myanmar Engineering Society-MES) နှင့် MyanmarCredent Techology တို့ပူးပေါင်း၍ သဘာဝဘေးန္တာရာယ် လျှော့ချရေးအတွက် GIS နှင့် Remote Sensing နည်းပညာအသုံးချသင်တန်း (GIS and Remote Sensing Applications for Disaster Risks Reduction)သင်တန်းကို ဖွင့်လှစ်မည် ဖြစ်ပါသည်။
GIS နှင့် Google Earth လက်တွေ့အသုံးချသင်တန်းကို ၂၀၀၁ခုနှစ် မတ်လ ၂၆်၊ ဧပြီ ၂ ၊ ၃ ၊ နှင့် ၉ ရက် (စနေ၊ တနင်္ဂနွေ)နေ့များတွင်နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊
မြန်မာအင်ဖိုတက်ခ်ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် e-Learing Center
၊ အဆောင် (၁) အခန်း (၄) ၌ ရက်သတ္တ (၂) ပတ် (သင်တန်းကာလ ၄ ရက်) ကြာ
ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်သည်။Google Earth ၀က်ဘ်ဆိုက်မှ အခမဲ့ရယူအသုံးပြုနိုင်သော
ကောင်းကင်ဓါတ်ပုံ ၊ ဂြိုလ်တုပုံများကို စိုက်ပျိုးရေး၊ ဆည်မြောင်း၊စည်ပင်သာယာရေးလုပ်ငန်းများ ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ဆောက်လုပ်ရေးလုပ်ငန်းများ၊ သဘာဝဘေးကာကွယ်ရေး နှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေး နှင့်လုံခြုံရေးဆိုင်ရာစီမံချက်များအတွက် GIS (Geographic Information System)ပထ၀ီသတင်းအချက်အလက်မြေပုံစနစ် (သို့မဟုတ်) ကွန်ပျူတာသုံး သတင်းအချက်အလက်မြေပုံစနစ်နှင့် ချိတ်ဆက်အသုံးပြုပုံများကို သင်ကြားပို့ချသွားမည်။
Circuit Theory and Basic Electronic သင်တန်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Electronic & IT Technical Division မှ ဖွင့်လှစ်မည့်
Circuit Theory and Basic Electronic သင်တန်း ကို Dr.Kyawt Khin မှ 19.3.2011 တွင် စတင်သင်ကြားမည် ဖြစ်ပါသည်။သင်တန်းချိန်မှာ မနက် 9း00 နာရီမှ နေ့လည် ၁၂ နာရီ အထိဖြစ်ပြီး သင်တန်းကာ လမှာ ၆ပတ်ကြာမြင့်မည် ဖြစ်ပါသည်။သင်တန်းကြေးမှာ 25000 Kyats ဖြစ်၍ စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဖုန်း 519676(ext-304)သို့ စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယထပ်၊ အခန်း (208 ) ၊Training Room တွင် သင်ကြား
ပြသပေးမည်။
MATLAB Programming သင်တန်း
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း Electronic & IT Technical Division မှ ဖွင့်လှစ်မည့်
MATLAB Programming သင်တန်း ကို U Kyaw Soe Lwin မှ 26.3.2011 တွင် စတင်သင်ကြားမည် ဖြစ်ပါသည်။သင်တန်းချိန်မှာ မနက် 9း00 နာရီမှ နေ့လည် ၁၂ နာရီ အထိဖြစ်ပြီး သင်တန်းကာ လမှာ ၆ပတ်ကြာမြင့်မည် စိတ်ပါဝင်စားသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း ဖုန်း 519676(ext-304) ဒေါ်လှိုင်မိမိထံသို့ စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုတိယထပ်၊ အခန်း (208 ) ၊Training Room တွင် သင်ကြား
ပြသပေးမည်။
-->