User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း
(၁.၅.၂၀၁၀)မှ(၃၀.၅.၂၀၁၀) အထိ ဆောင်ရွက်ချက်များ
(၂-၅-၂၀၁၀)တနင်္ဂနွေနေ့တွင် Opening Ceremony of Water Knowledge Resource Centre (WKRC) & The workshop on Capacity Building for Disaster Risk Reduction (DRR)Program ကို နန်းသီတာ ဆိပ်ကမ်းကျင်းပပြုလုပ်ပါသည်။
(၄-၅-၂၀၁၀) (၁)အင်္ဂါနေ့တွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း တက်ရောက်သည့် ဓနုတ် စေတီတော် ပြန်လည်တည်ဆောက်ရေး အချက်အလက် စုဆောင်းလေ့လာရေး ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။(၂) မြန်မာနိုင်ငံဗိသုကာအသင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။
(၆-၅-၂၀၁၀)ကြာသာပတေးနေ့တွင် (၁)WKRC (PIC)အစည်းအဝေး ကျင်းပပြုလုပ်ပါသည်။ (၂)GIS and Practices and Way Forward ကိစ္စအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ ဦးမောင်မောင်ဝင်း (Credent Company) တို့ဆွေးနွေးကြပါသည်။(၃)UN Habitat Esify Consulatations Workshop on Cyclone Shelter Analysis-Current Practices and Way Forward ကိစ္စအတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ ဦးကိုကိုကြီးနှင့် UN Habitat မှ Mr.Dilip Hhanja ,  မမူမူကြည်တို့ ဆွေးနွေးကြပါသည်။
(၇-၅-၂၀၁၀)သောကြာနေ့တွင် (၁) ဓနုတ်စေတီတော် ပြန်လည်တည်ဆောက်ရေး Geotechnical Investigation နှင့် Foundation System လေ့လာရေးအဖွဲ့ အစည်းအဝေး ပြုလုပ်ပါသည်။ (၂)မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌဦးဟန်ဇော်နှင့်  Nippon Koei Co,Ltd မှ Mr.HIDEO Tsuji,Mr.Takayasu NAGAI, Mr.TAMURA Tsutomu, U Khin Maung Soe တို့ တွေ့ဆုံ     ၍ ဆွေးနွေးကြပါသည်။ (၃) JFEE Training Meeting သို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌဦးဟန်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးလင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းမြင့် နှင့် Mr.Seike (JFEE) တို့ တက်ရောက်ကြပါသည်။
(၈-၅-၂၀၁၀)စနေနေ့တွင် (၁) (၅/၂၀၁၀)ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။ (၂) Management Committee Meeting ပြုလုပ်ပါသည်။
(၁၀-၅-၂၀၁၀)တနင်္လာနေ့တွင် (၁)ဓနုတ်စေတီတော် ပြန်လည်တည်ဆောက်ရေး Structural System လေ့လာရေးအဖွဲ့ အစည်းအဝေး ပြုလုပ်ပါသည်။ (၂)ဓနုတ်စေတီတော် ပြန်လည်တည်ဆောက်ရေး Geotechnical Investigation နှင့် Foundation System လေ့လာရေးအဖွဲ့ အစည်းအဝေးပြုလုပ်ပါသည်။
(၁၁-၅-၂၀၁၀)အင်္ဂါနေ့တွင် (၁)ဓနုတ်စေတီတော်ပြန်လည်တည်ဆောက်ရေး အချက်အလက် ရှာဖွေ လေ့လာရေးဆပ်ကော်မတီ အစည်းအဝေးပြုလုပ်ပါသည်။ (၂) GIS and Remote Sensing သင်တန်း ဖွင့်ရေးကိစ္စ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့် နှင့် Credent Co., မှ ဦးဇော်နိုင်တို့ ဆွေးနွေးကြပါသည်။
(၁၂-၅-၂၀၁၀)ဗုဒ္ဓဟူးနေ့တွင် (၁) Nippon Koei Co.,Ltd မှ Mr.HIDEO Tsuji, Mr. Takayasu NAGAI နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အထွေထွေအတွင်းရေးမှူးဦးအောင်မြင့်၊ ED ဦးမြင့်စိုးတို့ တွေ့ဆုံဆွေးနွေးကြပါသည်။(၂) UN Habitat Consultations workshop on Cyclone Shelter  Analysis- Current Practices and Way Forward ကိစ္စအတွက် ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ IPP ဦးသန်းမြင့်၊ED ဦးမြင့်စိုး၊ UN Habitat မှ မဟေသီ၊ မရူပါနွယ်တို့ တက်ရောက်ပါသည်။
(၁၃-၅-၂၀၁၀)ကြာသာပတေးနေ့တွင် (၁)အစ္စရေးသံအမတ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ခေတ္တဥက္ကဋ္ဌဦးကျော်စန်ဝင်း၊ IPP ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌဦးလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်း၊ GS ဦးအောင်မြင့်၊ ED ဦးမြင့်စိုး တို့တွေ့ဆုံ ဆွေးနွေးကြပါသည်။(၂) မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ ရှေ့လုပ်ငန်းးစဉ်များ ညှိနှိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဝင်းမောင်(တွဲဖက်အထွေထွေအတွင်းရေးမှူး) တက်ရောက်ခဲ့ပါသည်။
(၁၄-၅-၂၀၁၀)သောကြာနေ့တွင် (၁)UN Habitat Consultations workshop on Cyclone Shelter Analysis- Current Practices and Way Forward ကိစ္စအတွက် ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ED ဦးမြင့်စိုး၊ UN Habitat မှမဟေသီ၊ မရူပါနွယ်တို့ တက်ရောက်ပါသည်။(၂) Japan Myanmar Friendship အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပါသည်။ (၃)သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် GIS နှင့် Remote Sensing နည်းပညာ အသုံးချသင်တန်းနှင့် ပါတ်သတ်ပြီး ဦးသန်းမြင့်နှင့် ဦးဇော်နိုင် တို့အား MRTV-4 မှ Interview ပြုလုပ်ပါသည်။ (၄) Consultations workshop on Cyclone Shelter Analysis-Current Practices and Way Forward အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ ED ဦးမြင့်စိုးနှင့် UN Habitat မှ Mr.Dlip Hhanja မဟေသီတို့ တွေ့ဆုံဆွေးနွေးပါသည်။
(၁၅-၅-၂၀၁၀)စနေနေ့တွင် (၁) UN Habitat Consultations workshop on Cyclone Shelter Analysis- Current Practices and Way Forward အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ IPP ဦးသန်းမြင့်၊ ED ဦးမြင့်စိုးနှင့် UN Habitat မှ မဟေသီတို့ တွေ့ဆုံဆွေးနွေးပါသည်။ (၂) Private University တည်ထောင်ရေးကိစ္စ အစည်းအဝေးပြုလုပ်ပါသည်။ (၃)Budget Meeting  ပြုလုပ်ပါသည်။
(၁၆-၅-၂၀၁၀) မှ (၂၀-၅-၂၀၁၀) ထိ WKRC (PIC) ဘ၀သစ်ရေယာဉ်ဖြင့် ဧရာဝတီတိုင်း (မအူပင်မြို့၊ မလက်တိုရွာ၊ လေးအိမ်စုရွာ)သို့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ပညာပေးလုပ်ငန်း ဆောင်ရွက်ရန် သွားရောက်ကြပါသည်။
(၁၇-၅-၂၀၁၀) တနင်္လာနေ့တွင် (၁)IEM Project Management Special Interest Group (PMSIG) သည် MES မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးပါသည်။ (၂) UN Habitat Consultations workshop on Cyclone Shelter Analysis- Current Practices and Way Forward အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ခေတ္တဥက္ကဋ္ဌ ဦးကျော်စန်ဝင်း၊IPP ဦးသန်းမြင့်၊ ED ဦးမြင့်စိုးနှင့် UN Habitat မှMr.Srinivasa Popuri, Mr.Dilip Bhanja, မဟေသီတို့ တွေ့ဆုံ ဆွေးနွေးပါသည်။
(၁၈-၅-၂၀၁၀)အင်္ဂါနေ့တွင် ဓနုတ်စေတီတော် ပြန်လည်တည်ဆောက်ရေး အချက်အလက် ရှာဖွေလေ့လာရေးဆပ်ကော်မတီ အစည်းအဝေးသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးညွန့်မောင်စန်း၊ ဦးကိုကိုကြီး၊ ဦးဥာဏ်မြင့်ကျော်၊ ဦးမြင့်ဦး၊ ဦးရွှေမောင်တို့ တက်ရောက်ကြပါသည်။
(၁၉-၅-၂၀၁၀)ဗုဒ္ဓဟူးနေ့တွင် သဘာဝဘေဒကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု သင်တန်းတွင် အသိပညာ ပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ထိခိုက်မှုအား လျော့ချရေး၊ ကြိုတင်ပြင်ဆင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပါတ်သတ်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ကိုယ်စားလှယ်အဖြစ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် မျိုးဆက်သစ်အင်ဂျင်နီယာ ဦးနိုင်ထူးအောင်တို့ သွားရောက် ဆွေးနွေးပို့ချပါသည်။
(၂၀-၅-၂၀၁၀)ကြာသာပတေးနေ့တွင် UN Habitat နှင့်MES မှIPP ဦးသန်းမြင့်၊ ဦးညွန့်မောင်စန်း၊ ဦးမြင့်ဦး၊ ဦးရွှေမောင်၊ ဒေါက်တာတင်တင်ဝင်းတို့ ဆွေးနွေးကြပါသည်။
(၂၁-၅-၂၀၁၀)သောကြာနေ့တွင် (၁)မြန်မာနိုင်ငံမြေငလျင်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဥက္ကဋ္ဌဦးဟန်ဇော်၊IPP ဦးသန်းမြင့်၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့် UNESCO နှင့် အဖွဲ့မှ Mr.Sardar Umar Alam တို့တွေ့ဆုံ၍ ဆွေးနွေးကြပါသည်။ (၃)SEEDS ASIA နှင့်MES MOU ကိစ္စ ညှိနှိုင်းဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးကြပါသည်။
(၂၂-၅-၂၀၁၀)မှ (၂၃-၅-၂၀၁၀)ထိ (၁) Technical Divisions Leaders/CCနှင့် Member များ တွေ့ဆုံ ဆွေးနွေးကြပါသည်။ (၂)သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် GIS နှင့် Remote Sensing နည်းပညာအသုံးချသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။ ဥက္ကဋ္ဌဦးဟန်ဇော် နှင့် IPP ဦးသန်းမြင့်တို့က အမှာစကား ပြောကြားပါသည်။ (၃)သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် GIS နှင့် Remote Sensing နည်းပညာအသုံးချသင်တန်း ပြုလုပ်ပါသည်။

(၂၅-၅-၂၀၁၀)အင်္ဂါနေ့တွင် မေလ(၂၈)ရက်နေ့တွင် ဂျပန်နိုင်ငံမှာ Japan Society of Civil Engineers မှ ကျင်းပပြုလုပ်မည့် International Award က ချီးမြှင့်ပွဲသို့  International Award လက်ခံရန်အတွက် Japan International Cooperation Agency ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ သွားရောက်သည့်  MES ဥက္ကဋ္ဌဦးဟန်ဇော်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် GS ဦးအောင်မြင့်၊ CES ဦးအုန်းမြင့် တို့က ပို့ဆောင်နှုတ်ဆက်ပါသည်။ ထို့နောက် စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် (Earthquake Risk Assessment) Global Earthquake model အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့်   IPP မြေငလျင်ကော်မတီ ဥက္ကဋ္ဌဦးသန်းမြင့် နှင့် အဖွဲ့ဝင် ဦးသူရအောင်တို့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် GS ဦးအောင်မြင့် ပို့ဆောင်နှုတ်ဆက်ပါသည်။

(၂၇-၅-၂၀၁၀)ကြာသာပတေးနေ့တွင် UN Habitat နှင့် Retrofit Manual Meeting သို့ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးညွန့်မောင်စန်း၊ ဗဟိုကော်မတီ ဦးစောထွေးဇော်၊ ED ဦးမြင့်စိုးတို့ တက်ရောက်ဆွေးနွေးကြပါသည်။
(၂၈-၅-၂၀၁၀)သောကြာနေ့တွင် (၁)Nippon Koei မှ JICA Mr.Kazuhisa Iwami, Mr.Sugiyama Minoru, Mr.Sato Seiichi, Mr.Sakuvaba Masaxki, U Nyi Nyi Naing Thein နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ခေတ္တဥက္ကဋ္ဌဦးကျော်စန်ဝင်း၊ ဒုတိယဥက္ကဋ္ဌဦးလင်း၊ JGS ဦးမြင့်ဖေ၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်၊ ဗဟိုအလုပ်အမှုဆောင် ဦးညွန့်မောင်စန်း၊ ED ဦးမြင့်စိုးတို့ ဆွေးနွေးကြပါသည်။ (၂) MES မှ ခေတ္တဥက္ကဋ္ဌဦးကျော်စန်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်၊ JGS ဦးမြင့်ဖေ၊ CEC ဦးညွန့်မောင်စန်းနှင့် MSENC(Korea)အဖွဲ့မှ Mr.Myung Eui Hong,Mr.Junlto Cho တို့ တွေ့ဆုံကြပါသည်။
(၂၉-၅-၂၀၁၀)စနေနေ့တွင် အိန္ဒိယနိုင်ငံ၊ မြို့တွင် ဇွန်လ(၃)ရက်မှ ဇွန်လ(၄)ရက်နေ့အထိ ပြုလုပ်မည့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဝင်းမောင်အား မေလ(၂၉)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းအောင် လိုက်ပါပို့ဆောင်နှုတ်ဆက်ပါသည်။
(၂၉-၅-၂၀၁၀)မှ (၃၀-၅-၂၀၁၀)ထိ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် GIS နှင့် Remote Sensing နည်းပညာ အသုံးချသင်တန်း ပြုလုပ်ပါသည်။ (၃၀-၅-၂၀၁၀)တနင်္ဂနွေနေ့တွင် သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် GIS နှင့် Remote Sensing နည်းပညာ အသုံးချသင်တန်း ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ပါသည်။ ခေတ္တဥက္ကဋ္ဌ ဦးကျော်စန်ဝင်းနှင့် IPP ဦးသန်းမြင့်တို့ အမှာစကားပြောကြားပါသည်။
(၃၁-၅-၂၀၁၀)တနင်္လာနေ့တွင် Consultations workshop on Cyclone Shelter Analysis- Current Practices and Way Forward ပြုလုပ်ပါသည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: