User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း
(၁.၁.၂၀၁၀)မှ(၃၀.၁.၂၀၁၀) အထိ ဆောင်ရွက်ချက်များ
၂-၁-၂၀၁၀  စနေနေ့တွင် (၁/၂၀၁၀) ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးကို Meeting Room 2 တွင် ကျင်းပခဲ့ပြီး Seminar Room တွင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း စာတမ်းဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
၅-၁-၂၀၁၀ အင်္ဂါနေ့တွင် ဗိသုကာအသင်း အစည်းအဝေးကို Meeting Room 1 တွင် ကျင်းပခဲ့ပြီး Training Room တွင် JFEE 6th month Batch သင်တန်းသားများနှင့် တွေ့ဆုံ ပြီး ဦးတင်မောင်ညွန့်၊ ဦးမြင့်ဖေ၊ ဦးအုန်းမြင့်၊ ဦးသန်းထွန်းအောင် တို့က သြ၀ါဒစကား ပြောကြားခဲ့ပါသည်။
၇-၁-၂၀၁၀ ကြာသာပတေးနေ့တွင် Meeting Room 1 တွင် MES Building Committee Meeting ပြုလုပ်ခဲ့ပြီး Conference Room တွင် မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။ဆက်လက်ပြီး Meeting Room 1 တွင် WKRC PIC အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဥက္ကဌ ဦးဟန်ဇော်၊ IPP ဦးသန်းမြင့်၊ အထွေထွေ အတွင်းေ၇းမှူး ဦးအောင်မြင့်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး  ဦးကိုကိုကြီး၊ ဦးမြင့်ဖေ ၊ ဗဟိုအလုပ်အမှုဆောင် ဦးညွန့်မောင်စန်း ၊ ဦးမြင့်စိုး(ED)၊ Mr.Takanori Yamamura(Secretary of PIC, Program Officer, SEEDS Asia ၊ ဦးကြည်မင်းသူ Assistant Coordinator တို့က တက်ရောက်ကြပါသည်။
၈-၁၂၀၁၀ သောကြာ နေ့ တွင်Meeting Room 2 တွင် WKRC PIC and SEEDS Asia တို့၏ မူကြမ်းအတွက် တာဝန်ရှိသူများက ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။
၉-၁-၂၀၁၀ စနေနေ့တွင် Function Hall တွင် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ အကြိုဆွေးနွေးပွဲကို အသင်းသားများနှင့်ပြုလုပ်ခဲ့ပြီး conference Room တွင် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ အတွက် အထူးအစည်းအဝေးပွဲကို
ပြုလုပ်ခဲ့ပါသည်။Seminar Room တွင် Concordia Ctd. မှ Survey Instrument များနှင့်ပတ်သက်ပြီး ရှင်းလင်းပြသပွဲ ပြုလုပ်ခဲ့ပါသည်။
၁၀-၁-၂၀၁၀ တနင်္ဂနွေ့နေ့တွင် ကွမ်းခြံကုန်း၊ မယ်ရကုန်းကျေးရွာ တွင် school cum shelter များဆောက်လုပ်ခြင်းနှင့် အချောသတ်ခြင်း လုပ်ငန်းများကို ကြည့်ရှုရန်အတွက် ဒုတိယ ဥက္ကဌ ဦးဝင်းခိုင် ၊ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုကြီး၊ YE  ရဲဝင့်စိုး တို့သွားရောက်ခဲ့ကြပါသည်။

၁၁-၁-၂၀၁၀  တနင်္လာနေ့တွင် Conference Room တွင် ဂျပန်နိုင်ငံ  Infrastructure Development Institute (IDI) မှ တာဝန်ရှိသူများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ဥက္ကဌ ဦးဟန်ဇော် ၊ IPP ဦးသန်းမြင့် ၊ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့် ၊ တွဲဖက်အထွေထွေ အတွင်းေ၇းမှူး ဦးကိုကိုကြီး ၊ ဦးမြင့်ဖေ၊ ဗဟိုအလုပ်အမှုဆောင် ဦးညွန့်မောင်စန်း ၊ ဦးမြင့်စိုး(ED) ၊ တို့ တက်ရောက်ပါသည်။
ဆက်လက်ပြီး ကြိုးမဲ့ကြေးနန်းနှင့် ယဉ်ထိန်း တပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်း ၊ ယဉ်စည်းကမ်း ထိမ်းသိန်းကြီးကြပ်မှု ကော်မတီမှ ရန်ကုန်မြို့တွင်းရှိ အချက်ပြမီးပွိုင့်များတွင် e-police, Red Light Running Camera System လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး သို့ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့် တက်ရောက်ပါသည်။
၁၄-၁-၂၀၁၀ ကြာသာပတေးနေ့တွင် Trader Hotel တွင်ကျင်းပသော Seminar on Enhancing Public-Private Partnership For Establishment Skill Evaluation System ဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယ ဥက္ကဌ ဦးလင်း ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီး တို့ တက်ရောက်ပါသည်။
၁၅-၁-၂၀၁၀ သောကြာနေ့တွင် Conference Room တွင် ဂျပန်နိုင်ငံ Infrastructure Development Institute (IDE) မှ “Disaster Prevention Plan In Japan “ ခေါင်းစဉ်ဖြင့် Mr. Hirotada Matsuki မှ လည်းကောင်း၊ Introduction of Water Related  Disaster Management ခေါင်းစဉ်ဖြင့် Mr.Takashi Furukawa လည်းကောင်း စာတမ်းဖတ်ကြားခဲ့ကြပါသည်။
ပြီးနောက်  MES တွင် အသင်းသားစုံညီ ညီလာခံအကြို  process & product shows ပြခန်းများကို စတင်ပြသကြပါသည်။
ထို့နောက် ချင်းတွင်းကောလိပ်(Mdy) တွင် Mandalay Clean Development Mechanism (CDM) project  ဆောင်ရွက်နေသော တာဝန်ရှိသူများနှင့် ဒုတိယ ဥက္ကဌဦးဝင်းခိုင် တို့ တွေ့ဆုံပါသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (Mdy) ရွှေဖြူပလာဇာ ရှိရုံးခန်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင် (Mdy) ဥက္ကဌ အတွင်း ရေးမှူး တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များနှင့် ဒုတိယ ဥက္ကဌ ဦးဝင်းခိုင် တို့ တွေ့ဆုံကြပါသည်။ ဗဟိုအလုပ်အမှုဆောင်များသည် MTU နှင့် MUT တို့ရှိ အင်ဂျင်နီယာ အသင်းဝင်များနှင့် အထပ်မြင့်အဆောက်အဦး အရည်အသွေးစစ်ဆေးရေး ကော်မတီ (Mdy) ဖွဲ့စည်းရန် ကိစ္စ ရှင်းလင်းတင်ပြခဲ့ပါသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (Mdy) ရွှေဖြူပလာဇာ ရှိရုံးခန်းတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင် (Mdy) ဥက္ကဌ အတွင်း ရေးမှူး တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင်များနှင့် ဒုတိယ ဥက္ကဌ ဦးဝင်းခိုင် တို့ တွေ့ဆုံကြပါသည်။ ဗဟိုအလုပ်အမှုဆောင်များသည် MTU နှင့် MUT တို့ရှိ အင်ဂျင်နီယာ အသင်းဝင်များနှင့် အထပ်မြင့်အဆောက်အဦး အရည်အသွေးစစ်ဆေးရေး ကော်မတီ (Mdy) ဖွဲ့စည်းရန် ကိစ္စ ရှင်းလင်းတင်ပြခဲ့ပါသည်။
၁၇-၁-၂၀၁၀ တနင်္ဂနွေနေ့ တွင် Function Hall တွင် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ အာဆီယံ အင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်များပေးအပ်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဒုတိယပိုင်း နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံအခမ်းအနားတွင် အမှတ် ၂ စက်မှု ၀န်ကြီးးဌာန၊ ဒုတိယ ၀န်ကြီး၊ ဒုတိယ ဗိုလ်မှူးကြီး ခင်မောင်ကျော် တက်ရောက်ပြီး သဘာပတိ အဖြစ်ဆောင်ရွက်ပါသည်။
ဆက်လက်ပြီး နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံ ဂုဏ်ပြု Dinner ကို ဥက္ကဌ ဦးဟန်ဇော် ၊ ဒုတိယ ဥက္ကဌ ဦးဝင်းခိုင် ၊ IPP ဦးသန်းမြင့် ၊ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီး ၊ ဦးမြင့်ဖေ ၊ ဒေါ်ကြည်ကြည်ပြုံး ၊ ဦးဝင်းမောင် ၊ ဘဏ္ဍာရေးမှူး  ဦးခင်မောင်ချစ် ၊ ပြန်ကြားရေးမှူး ဦးကိုကို ၊ E.D ဦးမြင့်စိုး နှင့် ဗဟိုကော်မတီဝင်များ ၊ လုပ်ငန်းကော်မတီဝင်များ ၊ YE များတက်ရောက်ကြပါသည်။
၁၈-၁-၂၀၁၀  တနင်္လာ နေ့တွင် MES တွင် Process & Products Show များပြသကြပြီး ပြခန်းပြသသည့် ကုမ္ပဏီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြု လုပ်ပါသည်။
၁၉-၁-၂၀၁၀ အင်္ဂါနေ့တွင် conference room တွင်  မြန်မာနိုင်ငံ မြေငလျင် ကော်မတီ အစည်းအဝေးကို ပြုလုပ်ပါသည်။ထို့နောက် MES နှင့် SEEDS  Asia  တို့ Project  အတွက် MOU  လက်မှတ်ေ၇းထိုးရန် အတွက် ညှိနှိုင်းအစည်းအဝေးပွဲကို ပြုလုပ်ခဲ့ပါသည်။
၂၀-၁-၂၀၁၀ ဗုဒ္ဓဟူး နေ့တွင်  Asian Disaster Preparedness  Center (ADPC) မှ Mr.Sudihr Kumar နှင့် ဥက္ကဌ ဦးဟန်ဇော် ၊ Executive Director ဦးမြင့်စိုး တို့ တွေ့ဆုံ ဆွေးနွေးကြပါသည်။ထို့နောက်   Meeting Room 2 တွင် SEEDS Asia AIC တို့ ပူးပေါင်းပြီး ဆွေးနွေးပွဲ ပြုလုပ်ကြပါသည်။
၂၁-၁-၂၀၁၀  ကြာသာပတေး နေ့မှ ၂၂-၁-၂၀၁၀ သောကြာ နေ့ထိ  ပို့ဆောင်ရေးဝန်ကြီးဌာန(နေပြည်တော်)တွင် UNESCO/IOC နှင့် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး  
“ဆူနာမီ သဘာဝဘေးအန္တရာယ် ပတ်သက်ပြီး  စံထားဆောင်ရွက်ရမည့်  လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ “ သို့ တွဲဖက် အထွေထွေ အတွင်းေ၇းမှူး ဦးကိုကိုကြီး  တက်ရောက်ပါသည်။WKRC PIC  ကော်မတီဝင်များသည်လည်း သင်္ဘောဝယ်ရန်အတွက် ဘဏ္ဍာေ၇း ကိစ္စ များ  ညှိနှိုင်းဆွေးနွေးကြပါသည်။
၂၃-၁-၂၀၁၀  စနေနေ့ တွင်  Conference Room တွင် MES Building Committee Meeting ပြုလုပ်ပြီး Meeting Room 1 တွင် ၁၉၇၁ batch Civil အာစရိယပူဇော်ပွဲ အစည်းအဝေးကိုပြုလုပ်ပါသည်။Meeting Room 2 တွင် WKRC PIC သင်္ဘော ၀ယ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ပါသည်။
၂၅-၁-၂၀၁၀ တနင်္လာ နေ့တွင် ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်း ၊ ယဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ရန်ကုန်မြိုတော် အတွင်းရှိ အချက်ပြမီးပွိုင့်များတွင် e-police, Red Light Running Camera System လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့် တက်ရောက်ပါသည်။
၂၆-၁-၂၀၁၀ အင်္ဂါနေ့တွင် Meeting Room 1 တွင် WKRC PIC အစည်းအဝေး ပြုလုပ်ပါသည်။
၂၉-၁-၂၀၁၀ သောကြာနေ့တွင် Meeting Room 1 တွင် WKRC PIC ညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီးနောက် MES နှင့် JFEE မှ တာဝန်ရှိသူများ တွေ့ဆုံပြီး JFEE Welding သင်တန်းသားများ ကိစ္စ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပါသည်။
၃၀-၁-၂၀၁၀ စနေနေ့တွင် Meeting Room 2 တွင် မြန်မာအင်ဂျင်နီယာအသင်းနှင့် စင်ကာပူနိုင်ငံ Cast Laboratories Pte.Ltd မှ Mr.William Tay တို့၏ အစီအစဉ်ဖြင့် အင်ဂျင်နီယာဘာသာရပ် သင်ယူနေသည့် ကျောင်းသား/ကျောင်းသူများအား Interview ပြုလုပ်ပြီးနောက် မဝေေ၀သော် နှင့် မပိုးပိုးမျက်သွယ် အား ရွေးချယ်ခဲ့ပါသည်။ ဥက္ကဌ ဦးဟန်ဇော် ၊ IPP  ဦးသန်းမြင့်၊ Past President ဒေါက်တာဖေ၀င်း ၊ ဒုတိယ ဥက္ကဌ ဦးကျော်စန်းဝင်း ၊ ဘဏ္ဍာရေးမှူး ဦးခင်မောင်ချစ် ၊ တွဲဖက် အထွေထွေအတွင်းေ၇းမှူး ဒေါ်ကြည်ကြည်ပြုံး ၊ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ စိန်မြင့် ၊ ဗဟိုကော်မတီဝင် ဒေါက်တာ မိစန္ဒာမွန်  ၊ နှင့် ဦးမြင့်စိုး (Executive Director)  တို့ တက်ရောက်ကြပါသည်။
၃၀-၁-၂၀၁၀ စနေနေ့တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပသော စက်မှုဇုန် Transformer များ အရည်အသွေး နှင့် စံချိန်စံညွန်း တိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့၏ ပထမ အကြိမ် အစည်းအဝေး သို့ ဗဟိုကော်မတီဝင် ဦးခင်မောင်ဝင်း တက်ရောက်ပါသည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: