User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?

မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း
(၁.၂.၂၀၁၀)မှ(၂၈.၂.၂၀၁၀) အထိ ဆောင်ရွက်ချက်များ
၃-၂-၂၀၁၀  ဗုဒ္ဓဟူးနေ့တွင် President Room တွင် APDC မှ Sudhir Kumar နှင့် IPP ဦးသန်းမြင့် ၊ E.D ဦးမြင့်စိုးတို့ ပဲခူးတွင် ပြုလုပ်မည့် DRR Workshopအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ ထို့နောက် UP-2 Training Centerမှ ကျင်းပသည့်စာမေးပွဲတွင် ကြီးကြပ်သူများအဖြစ် ဆောင်ရွက်ပါသည်။ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ကြည်ကြည်ပြုံး ဗဟိုကော်မတီဝင်ဒေါက်တာ ယဉ်ယဉ်ထွန်းတို့ စားမေးပွဲတွင် ကြီးကြပ်သူများ အဖြစ်တက်ရောက်ပါသည်။ ဆက်လက် ပြီးMeeting Room 2 တွင် မြန်မာနိုင်ငံ ဗိသုကာအသင်း အစည်းအဝေး ပြုလုပ်ပါသည်။
၃-၂-၂၀၁၀ ဗုဒ္ဓဟူးနေ့ မှ ၄-၂-၂၀၁၀ ကြာသာပတေးနေ့အထိ အမရဟိုတယ်(နေပြည်တော်)တွင်ပြုလုပ်သော စွမ်အင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အထူးအစည်းအဝေးသို့ ဒုတိယဥက္ကဌ ဦးဝင်းခိုင် တက်ရောက်ပါသည်။
၆-၂-၂၀၁၀ စနေနေ့တွင် Seminar Room တွင် Akamonkai  Japanese Language School  ဟောပြောပွဲပြုလုပ်ပြီးနောက် Meeting Room 1တွင် Civilအာစရိယပူဇော်ပွဲအတွက် အစည်းအဝေး ပြုလုပ်ပါသည်။ ထို့နောက် Conference Roomတွင် MAKING,SHAPING and TREATING to STEEL (The Path Way from Raw Materials to Finished Steel Products) ခေါင်းစဉ်ဖြင့်
U Than Oo(Lt,Cdr..,Rtd, Myanmar Navy) B.E (Mech, 1974) ,M.MES , ASEAN Eng .Coc as 1st  Class Marine Engineer 
က စာတမ်းဖတ်ကြားပါသည်။ ထို့နောက် (၂/၂၀၁၀) ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။
၈-၂-၂၀၁၀  တနင်္လာနေ့တွင် President Room တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ARR အဖွဲ့အစည်းမှ ဒေါက်တာစိုးရွှေက လေဘေးသင့်ဒေသတွင် တံတားတည်ဆောက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ
ခေတ္တဥက္ကဌ ဦးကျော်စန်းဝင်း ၊ IPP ဦးသန်းမြင့် တို့နှင့် လာရောက်တွေ့ဆုံဆွေးနွေးပါသည်။
ထို့နောက် Conference Room တွင် မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ Harz Map နှင့်ပတ်သက်သည့်ဆွေးနွေးပွဲ ပြုလုပ်ပါသည်။ ထို့နောက် အလုပ်သမားဝန်ကြီးဌာန(နေပြည်တော်)တွင် ကျွမ်းကျင်မှု‘စံ’ရေးဆွဲပြီးသော အလုပ်အကိုင်များအတွက် ရှေ့လုပ်ငန်းစဉ်များအား ပိုမိုပီပြင် ထိရောက်ရန်နှင့် အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ရေးကော်မတီများကို လုပ်ငန်းတာဝန်များ သတ်မှတ်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဥက္ကဌဦးလင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး၊ ဗဟိုအလုပ်အမှုဆောင် ဦးအုန်းမြင့် တို့ တက်ရောက်ကြပါသည်။
၁၀-၂-၂၀၁၀ ဗုဒ္ဓဟူးနေ့တွင် Meeting Room 1 တွင် မြန်မာနိုင်ငံဗိသုကာ အသင်းအစည်းအဝေး ပြုလုပ်ပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသားကော်မရှင်မှ ပြုလုပ်ကျင်းပသည့် “FACING THE REALITY OF CLIMATE CHANGE: What can NGOs do in Myanmar” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲသို့ အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့် တက်ရောက်ပါသည်။
၁၁-၂-၂၀၁၀ ကြာသပတေးနေ့တွင် Conference Room တွင် ကျင်းပသော JFEE (Japan) အဖွဲ့ နှင့် ဥက္ကဌ ဦးဟန်ဇော်၊ IPP  ဦးသန်းမြင့် ၊ ဒုတိယ ဥက္ကဌများ ဖြစ်သော ဦးကျော်စန်းဝင်း၊ ဦးလင်း ၊ ဦးဥာဏ်ထွန်းဦး ၊ ဦးဝင်းခိုင် ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီး ၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးသန်းထွန်းအောင်၊ ဦးအုန်းမြင့်တို့ တွေ့ဆုံဆွေးနွေးပါသည်။ ထို့နောက် Daiwa Institute of Researchကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲပြုလုပ်ပြီး 7th Batch JFEE ဂျပန်စာသင်ဆရာမအား နှုတ်ဆက်ပွဲ ပြုလုပ်ပါသည်။
၁၂-၂-၂၀၁၀ သောကြာနေ့တွင် Seminar Room တွင်မြန်မာနိုင်ငံဗိသုကာအသင်း သင်တန်းပြုလုပ်ပါသည်။
၁၃-၂-၂၀၁၀ စနေနေ့တွင် Function Hall တွင် Civil အာစရိယပူဇော်ပွဲ ပြုလုပ်ပြီးနောက် Seminar Roomတွင် မြန်မာနိုင်ငံ ဗိသုကာအသင်း သင်တန်းပြုလုပ်ပါသည်။
၁၃-၂-၂၀၁၀ တွင်ပင် Conference Room တွင် “ကြေးနီ သတ္ထုတူးဖော်ထုတ်လုပ်သန့်စင်ခြင်း ၊ ချီလီနိုင်ငံ အက်စ်ကွန်ဒိဒါး ကြေးနီသတ္တုတွင်းနှင့် မြန်မာနိုင်ငံ အမှတ်(၁) ကြေးနီသတ္တုတွင်းတို့၏ ထုတ်လုပ်မှုနည်းစနစ်တို့ကို နှိုင်းယှဉ်လေ့လာခြင်း ”
ခေါင်းစဉ်ဖြင့် ဦးစောလင်း အထွေထွေမန်နေဂျာ(ငြိမ်း) အမှတ်(၁) ကြေးနီ သတ္တုတွင်း က စာတမ်းဖတ်ကြားပါသည်။ထို့နောက် Waste Treatment and Waste to Energy ခေါင်းစဉ်ဖြင့် Col.Thoung Win (Retd), Central Committee Member ,Myanmar Engineering Society Chariman, Technology Committee, Yangon Division RE Committee  ကလည်းကောင်း ၊ Industrial and Manicipal Waste Treatment, CDM Project Development ခေါင်းစဉ်ဖြင့် Mr. Vincent Wong, Technical Director , Koastal Eco (Myanmar) Co., Ltd ကလည်းကောင်း ဟောပြောပွဲ ပြုလုပ်ပါသည်။
၁၄-၂-၂၀၁၀ တနင်္ဂနွေ နေ့တွင် Seminar Room တွင် မြန်မာနိုင်ငံဗိသုကာအသင်း သင်တန်းပြုလုပ်ပါသည်။
၁၅-၂-၂၀၁၀  တနင်္လာနေ့တွင် Meeting Room (1) တွင်  Myanmar Preparation of National Adaption Programmers of Action –NAPA Project Inception Meeting ပြုလုပ်ပါသည်။
၁၆-၂-၂၀၁၀ အင်္ဂါနေ့တွင် Meeting Room (1) တွင် Maintenance Engineer ၀န်ထမ်းခန့်ထားရန်အတွက် Interview ပြုလုပ်ပါသည်။ထို့နောက် MES Building Committee Meeting ပြုလုပ်ပါသည်။
ဒုတိယအကြိမ် အင်ဂျင်နီယာများ စုပေါင်း ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရန်အတွက် Conference Room တွင် အစည်းအဝေး ပြုလုပ်ပါသည်။WKRC PIC ကော်မတီဝင်များသည် သင်္ဘောဝယ်ရန်အတွက်ဘဏ္ဍာရေး ကိစ္စ များညှိနှိုင်း ဆွေးနွေးကြပါသည်။
ထို့နောက် ဆက်လက်ပြီး Meeting Room (1)တွင် Tech Digest Magazine Meeting ပြုလုပ်ပါသည်။
ထို့နောက် Conference Room တွင် MES နှင့် Asian Disaster Preparedness Center (ADPC) အစည်းအဝေး ကိုပြုလုပ်ပါသည်။
Vice President Room တွင် Electronic Lab Instrument, Components and Accessories ၀ယ်ယူရေးအတွက် အစည်းအဝေး ပြုလုပ်ပါသည်။ IPP ဦးသန်းမြင့်၊ ဥက္ကဌ များဖြစ်သော ဦးကျော်စန်ဝင်း၊ ဦးဥာဏ်ထွန်းဦး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကိုကိုကြီး ၊ Executive Director ဦးမြင့်စိုး၊ လုပ်ငန်းကော်မတီဝင် ဦးကျော်မြင့်၊ ဦးအောင်စိုး နှင့် တင်ဒါတင်ထားသောကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ပါသည်။
၁၉-၂-၂၀၁၀ သောကြာနေ့ Conference Room တွင် AEMAS Project ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပါသည်။ IPP ဦးသန်းမြင့်၊  ဒုတိယဥက္ကဌများဖြစ်သော ဦးကျော်စန်းဝင်း၊ ဦးဥာဏ်ထွန်းဦး၊ ဦးဝင်းခိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ကြည်ကြည်ပြုံး၊ Executive Directorဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးအုန်းမြင့် ၊ ဦးသန်းထွန်းအောင် နှင့် ဗိုလ်မှူးကြီးသောင်းဝင်း(ငြိမ်း) တို့ တက်ရောက်ပါသည်။
President Room တွင် WKRC အတွက် ၀န်ထမ်း များခန့်ထားရန် Interview ပြုလုပ်ပါသည်။
Meeting Room (2) တွင် မလေးရှား အင်ဂျင်နီယာအသင်းမှ Project Management အဖွဲ့လာရောက်မည့် ကိစ္စအားဆွေးနွေးပွဲ ပြုလုပ်ပါသည်။
Conference Room တွင် WKRC PIC အစည်းအဝေး ပြုလုပ်ပါသည်။
ဆက်လက်ပြီး Meeting Room (1)  JFEE 7th Batch Welding သင်တန်းသားများနှင့် စာချုပ်ချုပ်ဆိုပါသည်။
Meeting Room(2) တွင် Welding Development Committee လပတ် အစည်းအဝေး ပြုလုပ်ပါသည်။
Seminar Room တွင် JFEE 7th Batch Welding သင်တန်းသားများနှုတ်ဆက်ပွဲ ပြုလုပ်ပါသည်။
ထို့နောက် ကြိုးမဲ့ကြေးနန်းနှင့်ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမတွင်ပြုလုပ်သော ရန်ကုန်တိုင်း၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ရန်ကုန်မြို့တွင်းရှိ အချက်ပြ မီးပွိုင့်များတွင် e-police, Red Light Running Camera System လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့် တက်ရောက်ပါသည်။
၂၀-၂-၂၀၁၀ စနေနေ့တွင် Conference Room တွင် Structure Meeting ပြုလုပ်ပါသည်။ IPP ဦးသန်းမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဥာဏ်မြင့်ကျော်တို့ တက်ရောက်ပါသည်။ ထို့ပြင် စက်မှုဇုံ(ရန်ကုန်)တွင် စက်မှုဇုန် Transformerများ အရည်အသွေး နှင့် စံချိန်စံညွန်းတိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့၏ Transformer များထုတ်လုပ်သည့် Dona Yarzar Co.,Ltd, SEM Co., Ltd, Yangon Transformer Electric Co.,Ltd, Asia General Electric Co.,Ltd စက်ရုံများသို့ စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ဗဟိုကော်မတီဝင် ဦးခင်မောင်ဝင်း တက်ရောက်ပါသည်။
၂၀-၂-၂၀၁၀ မှ ၂၃-၂-၂၀၁၀ နေ့ထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဘဏ္ဍာရေးမှူးဦးခင်မောင်ချစ် ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးဒေါ်ကြည်ကြည်ပြုံးနှင့် Executive Director ဦးမြင့်စိုး တို့ဦးဆောင်ပြီး မျိုးဆက်သစ်လူငယ်များလေ့လာရေးခရီး သွားရောက်ပါသည်။ နံနက်(၇း၀၀) နာရီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ထွက်ခွာပြီး (၁)ဖြူးရေလှောင်တမံနှင့် လျှပ်စစ်စက်ရုံ (၂) သာဂရစက်မှုနယ်မြေရှိ စက်ရုံများ၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန။
၂၁-၂-၂၀၁၀ (၁)ရဲနွယ်ရေလှောင်တမံနှင့်လျှပ်စစ်စက်ရုံ၊ (၂)ကျိုက်ထီးရိုးရပ်နား။
၂၂-၂-၂၀၁၀ (၁) မော်လမြိုင်တံတား(ဆောက်လုပ်ရေး) (၂)မုတ္တမ-မီးရထား Concrete Sleeper စက်ရုံ။
(၃) ၀င်းပနုံဆည်- မော်လမြိုင်ရပ်နား(စက်စဲကမ်းခြေ နှင့် ကျိုက်ခမီရေလယ်ဘုရား)။
၂၃-၂-၂၀၁၀ (၁) မြိုင်ကလေး ဘိလပ်မြေစက်ရုံ၊ (၂) အမှတ် (၂)တာယာနှင့်ရော်ဘာပစ္စည်းထုတ်လုပ်မှုစက်ရုံ(ဘီးလင်း) သို့ သွားရောက်လေ့လာကြပါသည်။
၂၂-၂-၂၀၁၀ တနင်္လာနေ့တွင် Meeting Room (1)တွင် မြန်မာနိုင်ငံဗိသုကာအသင်း အစည်းအဝေးပြုလုပ်ပါသည်။ ထို့နောက် WKRC PIC ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
၂၄-၂-၂၀၁၀ ဗုဒ္ဓဟူးနေ့တွင် Conference  Room တွင် ဒုတိယအကြိမ်အင်ဂျင်နီယာများ စုပေါင်းဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရန်အတွက် အစည်းအဝေးပြုလုပ်ပါသည်။
၂၅-၂-၂၀၁၀ ကြာသပတေး နေ့တွင် Conference Room တွင်  Policy & Planning Committee Meeting ပြုလုပ်ပါသည်။
၂၇-၂-၂၀၁၀ စနေနေ့တွင် Conference Room တွင်  MGS မှ Seminar ပြုလုပ်ပါသည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: