|
||||||||
|
(၁-၃-၂၀၁၁)မှ(၃၁-၂-၂၀၁၁)ထိလုပ်ဆောင်ချက်များ
(၁-၃-၂-၁၁)တနင်္လာနေ့တွင် (၁)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် WahSeong Boustead Co.,Ltdတို့ ပူးပေါင်းစီစဉ်မှုဖြင့် “Solid Wall System for use in Myanmar” ခေါင်းစဉ်ဖြင့် Mr.KOO Hock Fee (CEO of UAC),Mr.LEE Ho Aik(Field Fale Manager- Exports), Mr. Y.N Chin (President of RE) ဟောပြောဆွေးနွေးပါသည်။ (၂) စွမ်းအင်ဝန်ကြီးဋ္ဌာနတွင် ကျင်းပြပြုလုပ်သော Award ပေးပွဲသို့ ဥက္ကဋ္ဌ ဦးဝင်းခိုင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအုန်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးကြီးသောင်းဝင်း (ငြိမ်း)နှင့် ဦးသန်းထွန်းအောင်တို့ တက်ရောက်ကြပါသည်။ (၃)ဆူးလေစေတီတော်တွင် ပြုလုပ်မည့် ငြမ်းဖျက်ခြင်းကိစ္စနှင့် ပါတ်သက်ပြီးညှိနှိုင်းအစည်းအဝေးသို့ PP ဦးသန်းမြင့်နှင့် CC ဦးစောထွေးဇော်တို့ တက်ရောက်ကြပါသည်။
(၂-၃-၂-၁၁)အင်္ဂါနေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ Consulting Engineers Association of Thailand (CEAT) အဖွဲ့၏ ဖိတ်ကြားချက်အရဘန်ကောက်မြို့၌ ပြုလုပ်သော “Technical Visit in Thailand”သို့ PP ဦးသန်းမြင့်၊GS ဦးကိုကိုကြီး၊ CEC ဦးခင်မောင်ဆယ်၊ CEC ဦးစန်းကြူ၊ CC ဦးဖိုးအေးတို့ သွားရောက်လေ့လာကြပါသည်။
(၃-၃-၂-၁၁)ကြာသာပတေးနေ့တွင် Energy and Renewable Energy ကိစ္စ မလေးရှားအဖွဲ့နှင့် တွေ့ဆုံပါသည်။
(၅-၃-၂-၁၁)စနေနေ့တွင် (၁) (၃/၂၀၁၁)ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂) ရှေးဟောင်းအဆောက်အဦများ ပြင်ဆင်ခြင်းလုပ်ငန်း အစည်းအဝေးသို့ MES မှ Special Project Committee ၀င်များ တက်ရောက်ပါသည်။ (၃)ဘ၀သစ်နယ်လှည့်ပညာပေးရေယဉ်(WKRC)ဖြင့် ဖျာပုံမြို့နယ်တွင် ပညာပေးလုပ်ငန်းမျာဆောင်ရွက်ပါသည်။
(၆-၃-၂-၁၁)တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးခွဲ (မော်လမြိုင်) ဖွင့်လှစ်နိုင်ရေးအတွက် ညှနှိုင်းဆွေးနွေးပွဲသို့ ဥက္ကဋ္ဌဦးဝင်းခိုင်၊ JGS ဦးအုန်းမြင့်၊ CEC ဦးသန်းထွန်းအောင်တို့ တက်ရောက်ပါသည်။
(၇-၃-၂-၁၁)တနင်္လာနေ့တွင် (၁)ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ကျိုက်ဝိုင်းသိုလှောင်ရုံတွင် ဖွင့်လှစ်မည့် “ဋ္ဌာနတွင်းသဘာဝဘေး စီမံခန့်ခွဲမှုသင်တန်း”တွင် GS ဦးကိုကိုကြီးတက်ရောက်သင်တန်းပို့ချပါသည်။ (၂) Standard and Specification Committee Meeting ပြုလုပ်ပါသည်။ (၃) နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ ရုံးဟောင်းအားရှေးမူမပျက် မွမ်းမံထိန်းသိမ်းရေး အစည်းအဝေးသို့ PP ဦးသန်းမြင့် တက်ရောက်ပါသည်။
(၈-၃-၂-၁၁)အင်္ဂါနေ့တွင် UMFCCI, MIA နှင့် ထိုင်းနိုင်ငံ National Institude of Metrology, Thailand တို့ ပူးပေါင်း၍ Seminar and Workshop on “Measurement Standard in Myanmar”သို့ IPP ဦးသန်းမြင့်၊ CEC များ၊ Col.သောင်းဝင်း(ငြိမ်း)၊ ဦးမြင့်ဇော်၊ ဒေါက်တာမိစန္ဒာမွန်၊ ဒေါက်တာယဉ်ယဉ်ထွန်း၊ ဒေါ်ခင်စန္ဒာထွန်း၊ CC ဒေါ်သန်းသန်းဝင်းတို့ တက်ရောက်ပါသည်။
(၉-၃-၂-၁၁)ဗုဒ္ဓဟူးနေ့တွင် (၁)ဂဟေဆက်ခြင်းလုပ်ငန်းဆိုင်ရာအလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးဆပ်ကော်မတီနှင့် ဂဟေစမ်းသပ်စစ်ရေးနှင့် အောင်လက်မှတ်ထုတ်ပေးရေးကော်မတီညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဦးလင်း၊ JGS ဦးအုန်းမြင့်၊ CC ဦးလှကြိုင်တို့ တက်ရောက်ပါသည်။ (၂)Standard ကိစ္စအတွက် ထိုင်းနိုင်ငံမှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ (၃) RE Committee and Biofuel Technical Division အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံ Biofuel မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပါသည်။
(၁၀-၃-၂-၁၁)ကြာသာပတေးနေ့တွင် (၁)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဗဟိုကော်မတီဝင်များနှင့် AER လက်မှတ်ရရှိသူများတွေ့ဆုံပွဲ ပြုလုပ်ပါသည်။ (၂) MES မှ တာဝန်ရှိလူကြီးများနှင့် MES CMC လျှောက်ထားသော KMG Co.,Ltdလူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပါသည်။ (၃) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌဦးဝင်းခိုင်၊ ဗဟိုကော်မတီဝင်များနှင့် Dara Johnston (Head,Water and Sanitation Section,UNICEF)တို့ တွေ့ဆုံဆွေးနွေးပါသည်။ (၄) MES Building Committee Meeting ပြုလုပ်ပါသည်။
(၁၁-၃-၂-၁၁)သောကြာနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များနှင့် အမှတ်(၂)စက်မှု ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူများ ISO certificate နှင့် ပါတ်သတ်၍ ဆွေးနွေးကြပါသည်။
(၁၂-၃-၂-၁၁)စနေနေ့တွင် (၁)MES and Myanmar Credent Technology တို့ ပူးပေါင်း၍ GIS သင်တန်းဖွင့်လှစ်ပါသည်။ (၂) YE Excursion Meeting ပြုလုပ်ပါသည်။ (၃)Special Project Meeting ပြုလုပ်ပါသည်။
(၁၃-၃-၂-၁၁)တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ညောင်တုန်းတံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဥက္ကဋ္ဌဦးဝင်းခိုင်၊ PP ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ်၊ GS ဦးကိုကိုကြီး၊ JGS ဒေါ်ကြည်ကြည်ပြုံး၊ CEC ဦးသန်းထွန်းအောင်၊ အသင်းဝင်များနှင့် မျိုးဆက်သစ်အင်ဂျင်နီယာများသွားရောက်လေ့လာကြပါသည်။
(၁၄-၃-၂-၁၁)တနင်္လာနေ့တွင် (၁)UMFCCI တွင် ပြုလုပ်သော Logistics Service Sectors မှ Mr.AtheneChruch (Mekong Economics) နှင့် တွေ့ဆုံပွဲသို့ JGS ဦးအုန်းမြင့် တက်ရောက်ပါသည်။ (၂) Myanmar Earthquake Committee Meeting ပြုလုပ်ပါသည်။ (၃) Logistics Service Sectors မှ Mr. Athene Church (Mekong Economics)နှင့် IPP ဦးဟန်ဇော်၊ ဦးကိုကိုကြီး၊ ဦးခင်မောင်ဆယ်နှင့် ဗိုလ်မှူးကြီးသန်းဝင်း(ငြိမ်း)တို့ နှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ (၄)ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဋ္ဌာနနှင့် အာရှိသဘာဝဘေး လျော့ပါးရေးဋ္ဌာန(ADRC) တို့ ပူးပေါင်း၍ သဘာဝဘေးဆိုင်ရာ နည်းပြသင်တန်းတွင် GSဦးကိုကိုကြီးတက်ရောက် သင်တန်းပို့ချပါသည်။
(၁၅-၃-၂-၁၁)အင်္ဂါနေ့တွင်(၁)Vietnamese Gent for the seminar on Industrial Development in Vietnam Seminar ပြုလုပ်ရန်အတွက် ဗွီယက်နမ်အဖွဲ့နှင့် အကြိုတွေ့ဆုံပွဲသို့ ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဗဟိုကော်မတီဝင်များ တက်ရောက်ပါသည်။ (၂)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ နှင့် မျိုးဆက်သစ်အင်ဂျင်နီယာများလယ်ယာသုံးစက်ကိရိယာစက်ရုံ (ဆင်တဲ)၊ မော်တော်ယဉ်ထုတ်လုပ်ရေးစက်ရုံ (ထုံးဘို)၊ ကညင်၊မမြရေလှောင်တမံများ၊ သာပေါင်းပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံလေ့ လာရေးခရီးထွက်ခွာကြပါသည်။ (၃)မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင် နှင့် ဗဟိုကော်မတီဝင်များသည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (ပြည်ရုံးခွဲ)၏ နာယကများ၊ ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်များ၊ မျိုးဆက်သစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံပါသည်။ (၄) ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်ရေး အစည်းအဝေးပြုလုပ်ပါသည်။ PP ဦးသန်းမြင့်၊ CEC ဦးစန်းကြူ၊ CC ဦးစောထွေးဇော်၊ ဦးစိုးသူရထွန်း၊ ဦးဇော်နိုင်ဦးတို့ တက်ရောက်ပါသည်။ (၅) ဘ၀သစ်နယ်လှည့်ပညာပေးရေယာဉ် (WKRC)ဖြင့် ပုသိမ်မြို့နယ်တွင် ပညာပေးလုပ်ငန်းများဆောင်ရွက်ပါသည်။
(၁၈-၃-၂-၁၁)သောကြာနေ့တွင် (၁) JFEE 8th Batch Welding သင်တန်းသားများနှင့် Group(5),Chairman ဦးလင်း၊ OJT Committee Chairman ဦးအုန်းမြင့် တို့နှင့် တွေ့ဆုံပါသည်။ (၂)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဋ္ဌာနမှ ဦးစီးကျင်းပသောဂျပန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သောငလျင်၊ ဆူနာမီနှင့် နျူကလီးယားဓါတ်ပေါင်းဖိုများပေါက်ကွဲမှုအတွက် အကူအညီပေးရေး အစည်းအဝေးသို့ MES ဗဟိုကော်မတီဝင် ဦးကြည်လွင် တက်ရောက်ပါသည်။(၃)ရုရှားနိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ JGS ဦးအုန်းမြင့် တက်ရောက်ပါသည်။
(၁၉-၃-၂-၁၁)စနေနေ့တွင် (၁)Electrical and IT TD သင်တန်းဖွင့်လှစ်ပါသည်။ (၂) ရန်ကုန်မြို့၊ ပြည်လမ်းရှိ IBC တွင် ကျင်းပပြုလုပ်သော Civil Engineering Seminar သို့ JGS ဦးဝင်းမောင် တက်ရောက်ပါသည်။
(၂၂-၃-၂-၁၁)အင်္ဂါနေ့တွင် (၁) Industrial Development Committee Meeting ပြုလုပ်ပါသည်။ (၂) MES နှင့် MIA တို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရန် ညှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ (၃) ဘ၀သစ်နယ်လှည့်ပညာပေးရေယာဉ်(WKRC) ဖြင့် သာပေါင်းမြို့နယ်တွင် ပညာပေးလုပ်ငန်းများဆောင်ရွက်ပါသည်။
(၂၃-၃-၂-၁၁)ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ ၆ထပ်အဆောက်အဦ Pile Foundation ဆောင်ရွက်ခြင်းလုပ်ငန်း ကြီးကြပ်ရန် MES မှ ကူညီဆောင်ရွက်ပေးရန် ညှိနှိုင်းအစည်းအဝေးသို့ PP ဦးသန်းမြင့်နှင့် CC ဦးစောထွေးဇော်တို့ တက်ရောက်ပါသည်။ (၂) Mr.B K Roy အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးနှင့်အတူEssar Project အတွက် PP ဦးသန်းမြင့်၊ GS ဦးကိုကိုကြီး နှင့် CEC ဦးညွန့်မောင်စန်းတို့နှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ (၃) National Training on the Operation of MAGICC/ CSENGEN Climate Model သို့ CEC ဒေါက်တာမျိုးညွန့် တက်ရောက်ပါသည်။
(၂၄-၃-၂-၁၁) ကြာသာပတေးနေ့တွင် Skill Upgrading Training and Certification နှင့် ပါတ်သတ်သော ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
(၂၅-၃-၂-၁၁)သောကြာနေ့တွင် (၁) Myanmar Earthquake Committee Meeting ပြုလုပ်ပါသည်။ (၂) ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်း ဦးဆောင်သော Group (4)Committee Meeting ပြုလုပ်ပါသည်။
(၂၆-၃-၂-၁၁)စနေနေ့တွင် (၁) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ Mining Engineer TD အဖွဲ့က ကြီးမှူး၍ “Underground Structure and Urban Tunneling” ခေါင်းစဉ်ဖြင့်ဦးစိန်ကျော်လွင် BE (Mining), MSc(Geotechnical Engineering -NTU)က ဟောပြောဆွေးနွေးပါသည်။ (၂) Policy and Planning meeting ပြုလုပ်ပါသည်။ (၃) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များနှင့် AER လက်မှတ် ရရှိသူများတွေ့ဆုံပွဲ ပြုလုပ်ပါသည်။
(၂၇-၃-၂-၁၁)တနင်္ဂနွေနေ့တွင် (၁) မလေးရှားနိုင်ငံကာလလမ်ပူမြို့၌ဇွန်လ(၂၈)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ ပြုလုပ်သော Training Workshop on Maintenance of Infrastructure သို့ တက်ရောက်မည့် GS ဦးကိုကိုကြီး၊ CC ဦးခင်မောင်မြင့်၊ ဦးသန်းဝင်း (AyarShweWahCo.,Ltd.)၊ ဦးမျိုးမြင့် (YCDC)တို့ တက်ရောက်ပါသည်။အဆိုပါသင်တန်းသို့ တက်ရောက်သူများကိုရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် CEC ဦးသန်းထွန်းအောင်၊ CC ဦးလှကြိုင် နှင့် CEO ဦးမြင့်စိုးတို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြပါသည်။ (၂) Naing Group Company မှ ပြုလုပ်သော Technical Presentation Ceremony သို့ ဥက္ကဋ္ဌ ဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ပါသည်။
(၂၈-၃-၂-၁၁)တနင်္လာနေ့တွင်(၁) မလေးရှားနိုင်ငံကွာလလမ်ပူမြို့၌ဇွန်လ(၂၈)ရက်နေ့မှ ဧပြီလ (၁)ရက်နေ့အထိ ပြုလုပ်သော Training Workshop on Maintenance of Infrastructure သို့ တက်ရောက်မည့် GS ဦးကိုကိုကြီး၊ CC ဦးခင်မောင်မြင့်၊ ဦးသန်းဝင်း (AyarShweWahCo.,Ltd.)၊ ဦးမျိုးမြင့် (YCDC)တို့ တက်ရောက်ပါသည်။ (၂) အာဆီယံအတွင်းရေးမှူးရုံးပါတ်ဝန်းကျင်ထိန်းသိမ်းရေးအမျိုးသား ကော်မရှင်နှင့် YCDC တို့ ပူးပေါင်း၍ န၀မအကြိမ် အာဆီယံပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာရေရှည်ဖွံ့ဖြိုးသော မြို့ကြီးများ လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ CC ဒေါ်မူမူအေးတက်ရောက်ပါသည်။
(၂၉-၃-၂-၁၁)အင်္ဂါနေ့တွင် (၁) MKRC & WKRC Meeting ပြုလုပ်ပါသည်။ (၂) Myanmar Earthquake Committee သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လှုပ်ခဲ့သောငလျင်နှင့်ပါတ်သတ်သောဆွေးနွေးပွဲပြုလုပ်ပါသည်။ (၃) ပုသိမ်မြို့၌ ပြုလုပ်သည့် TOT Training of MKRC သင်တန်းဖွင့်ပွဲသို့ ဦးမြင့်စိုး (CEO) တက်ရောက်ပါသည်။
(၃၀-၃-၂-၁၁)ဗုဒ္ဓဟူးနေ့တွင်Yokohama National University မှ Professor FUMIHIKO KAKAMURA (Dr.Eng)နှင့် IPP ဦးဟန်ဇော်၊ VP ဦးအောင်မြင့်၊ JGS ဦးအုန်းမြင့်တို့ Transportation နှင့် ပါတ်သတ်၍ တွေ့ဆုံဆွေးနွေးကြပါသည်။
(၃၁-၃-၂-၁၁)ကြာသာပတေးနေ့တွင် (၁) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ Myanmar Credent Technology တို့ ပူးပေါင်း ပြုလုပ်မည့် “Israeli Experience in Advanced Technological Education” Seminar နှင့် ပါတ်သတ်၍ Mr.BennySomech, Regional Director (Asia and Africa), DeGem Systems Holding Ltd.Israel နှင့် ဥက္ကဋ္ဌဦးဝင်းခိုင်၊ JGS ဦးအုန်းမြင့်၊ CECဦးသန်းထွန်းအောင်၊ CC ဦးဇော်နိုင်တို့ နှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ (၂) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဂေါက်သီးရိုက်ကစားပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။
|
|||||||
|
||||||||