User Login
User:
Password:
Please sign in with your user and password
For new users,To Signup
forget your password?


(၁-၄-၂၀၁၁)မှ(၃၀-၄-၂၀၁၁)ထိလုပ်ဆောင်ချက်များ
(၁-၄-၂-၁၁) သောကြာနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ကြီးမှူးကျင်းပသော “The Clean Development Mechanism as an Option to Reduce Industrial Waste Water Treatment Costs” ခေါင်းစဉ်ဖြင့် Mr.Albrecht Hoffmann von Waldau,CDM Expert က ဟောပြောဆွေးနွေးပါသည်။
(၂-၄-၂-၁၁) စနေနေ့တွင် (၁) (၄/၂၀၁၁)ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ Myanmar Credent Technology တို့ ပူးပေါင်းပြုလုပ်သော “Israeli Expericnce in Advanced Technological Education”ခေါင်းစဉ်ဖြင့် Mr.Benny Somech,Regional Director (Asia and Africa), DeGem Systems Holding Ltd,Israel က ဟောပြောဆွေးနွေးပါသည်။
(၄-၄-၂-၁၁) တနင်္လာနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌဦးဝင်းခိုင်၊ PP ဦးသန်းမြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်စန်ဝင်းနှင့် ဗဟိုကော်မတီဝင်များသည် မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်သို့ Education Audit လုပ်ငန်းဆောင်ရွက်ရန်အတွက် အကြိုလေ့လာရန် သွားရောက်ကြပါသည်။
(၆-၄-၂-၁၁) ဗုဒ္ဓဟူးနေ့တွင် (၁)မြန်မာနိုင်ငံဗိသုကာအသင်း Architecture Thesis ပြုလုပ်ခြင်းနှင့် ပါတ်သတ်သော Seminar ပြုလုပ်ပါသည်။ (၂) တာချီလိတ်၊ တာလေ၊ မိုင်းလင်းမြို့များအနီးတစ်ဝိုက်တွင် ကွင်းဆင်းသုသေသန ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံမြေငလျင်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်၊ အတွင်းရေးမှူး ဦးစိုးသူရထွန်းနှင့်အဖွဲ့ သွားရောက်လေ့လာကြပါသည်။
(၇-၄-၂-၁၁) ကြာသာပတေးနေ့တွင် ADPC မှ ဦးဆောင်ပြုလုပ်သော The Consultation Workshop on DRR Working Group portal on MIMU Meeting သို့ GS ဦးကိုကိုကြီးနှင့် YE မခိုင်ခိုင်ဝတ်ရည်တို့ တက်ရောက်ပါသည်။
(၈-၄-၂-၁၁) သောကြာနေ့တွင် (၁)UNICEF မှ ဦးဆောင်၍ WASH THEME GROUP Meeting ပြုလုပ်ပါသည်။ (၂) ချော်တွင်းကုန်းမီးပွိုင့်၊ ပေါက်တောဝ မီးပွိုင့်များတွင် တပ်ဆင်ထားသော CCTV ကင်မရာများကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့်အတူ MES YE နေလင်းအောင်နှင့် ထွန်းထွန်းလင်းတို့ သွားရောက်စစ်ဆေးခဲ့ပါသည်။
(၉-၄-၂-၁၁) စနေနေ့တွင် (၁) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်ရုံး) ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပါတ်သတ်၍ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ Mining Engineer TD အဖွဲ့က ကြီးမှူး၍ “Management and Legal Aspects in Myanmar Mining Industry” ခေါင်းစဉ်ဖြင့် ဦးဇော်ဝင်း၊ အကြံပေးပုဂ္ဂိုလ်(ငြိမ်း)၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ သတ္တုတွင်းဦးစီးဋ္ဌာနက ဟောပြောဆွေးနွေးပါသည်။ (၃)MES Building Committee ပြုလုပ်ပါသည်။
(၁၁-၄-၂-၁၁) တနင်္လာနေ့တွင် (၁) မျိုးဆက်သစ်အင်ဂျင်နီယာများ မြန်မာနှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ပြုလုပ်ပါသည်။ (၂) Skill Updrading Training and Certification အတွက် တော်ဝင်မိသားစု ကုမ္ပဏီက အလှူငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ပါသည်။ (၃)ရာသီဥတုပြောင်းလဲမှုအား လိုက်လျောညီထွေပြုမှု ဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆိုင်ရာ အစီရင်ခံပြုစုရေး Myanmar Preparation of National Adaptation Programme of Action – NAPA) စီမံချက် အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် ကနဦးညှိနှိုင်း အစည်းအဝေး (Inception Meeting)သို့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့် တက်ရောက်ပါသည်။
(၁၂-၄-၂-၁၁) အင်္ဂါနေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (နေပြည်တော်ရုံး) ဖွင့်လှစ်နိုင်ရေးကိစ္စနှင့် ပါတ်သတ်၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အတွက် CC ဦးတင်မောင်ဝင်း နေပြည်တော်သို့ သွားရောက်ပါသည်။
(၂၂-၄-၂-၁၁) သောကြာနေ့တွင် (၁)Vietnamese Gent for the seminar on Industrial Development in Vietnam seminar ပြုလုပ်ရန်အတွက် ဗီယက်နမ်မှ Mr. Lam နှင့် ဥက္ကဋ္ဌ ဦးဝင်းခိုင်တို့ တွေ့ဆုံဆွေးနွေးပါသည်။ (၂)JFEE Welding 8th Batch ,1st Group သင်တန်းသားများ Farewell Party ပြုလုပ်ပါသည်။
(၂၃-၄-၂-၁၁) စနေနေ့တွင် (၁) အမှတ်(၂)စက်မှုဝန်ကြီးဋ္ဌာန၊ ဒုတိယ၀န်ကြီး (ငြိမ်း) ဦးခင်မောင်ကျော်နှင့် ဥက္ကဋ္ဌဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးကြပါသည်။ (၂) Developing of Standard Operation Precedure (SOP)နှင့် ဆိုင်သော Meeting ပြုလုပ်ပါသည်။ (၃) JFEE Welding 8th Batch ,1st Group သင်တန်းသားများ ဂျပန်နိုင်ငံသို့ ထွက်ခွာကြပါသည်။ JGS ဦးအုန်းမြင့်၊ CEC ဦးသန်းထွန်းအောင်၊ CC ဦးလှကြိုင်တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါသည်။
(၂၇-၄-၂-၁၁) ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံမြေငလျင်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။
(၂၃-၄-၂-၁၁) စနေနေ့တွင် (၁) အမှတ်(၂)စက်မှုဝန်ကြီးဋ္ဌာန၊ ဒုတိယ၀န်ကြီး (ငြိမ်း) ဦးခင်မောင်ကျော်နှင့် ဥက္ကဋ္ဌဦးဝင်းခိုင်နှင့် ဗဟိုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးကြပါသည်။ (၂) Developing of Standard Operation Precedure (SOP)နှင့် ဆိုင်သော Meeting ပြုလုပ်ပါသည်။ (၃) JFEE Welding 8th Batch ,1st Group သင်တန်းသားများ ဂျပန်နိုင်ငံသို့ ထွက်ခွာကြပါသည်။ JGS ဦးအုန်းမြင့်၊ CEC ဦးသန်းထွန်းအောင်၊ CC ဦးလှကြိုင်တို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင်နှုတ်ဆက်ကြပါသည်။
(၂၇-၄-၂-၁၁) ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံမြေငလျင်ကော်မတီ အစည်းအဝေး ပြုလုပ်ပါသည်။
(၂၈-၄-၂-၁၁) ကြာသာပတေးနေ့တွင် (၁) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် Noble Management Academy Co.,Ltd တို့ ပူးပေါင်းစီစဉ်သော “Research Opportunities” ခေါင်းစဉ်ဖြင့် Dr. Zeya Oo(Senior Lecturer, Curtin Universities- School of Engineering and Science)က ဟောပြောဆွေးနွေးပါသည်။ (၂) MES Golf Tournment Committee Meeting ပြုလုပ်ပါသည်။ (၃)UNICEF မှ တာဝန်ရှိလူကြီးများနှင့် WASH Project နှင့် ပါတ်သတ်ပြီး ဥက္ကဋ္ဌဦးဝင်းခိုင်၊ ဗဟိုကော်မတီဝင် ဦးလှဘော်၊ လုပ်ငန်းကော်မတီဝင် ဦးဝင်းနိုင်တို့ တွေ့ဆုံဆွေးနွေးပါသည်။ (၄) ရွှေတိဂုံစေတီတော်ရှိ တန်ဆောင်းများ ပြုပြင်ခြင်းနှင့် ပါတ်သက်သည့် အစည်းအဝေးသို့ PP ဦးသန်းမြင့်၊ GS ဦးကိုကိုကြီးတို့ တက်ရောက်ပါသည်။
(၂၉-၄-၂-၁၁) သောကြာနေ့တွင် (၁)ဒုတိယဥက္ကဋ္ဌဦးကျော်စန်ဝင်း ဦးဆောင်သော Group(4) Committee Meeting ပြုလုပ်ပါသည်။ (၂) DRR Working Group Meeting သို့ GS ဦးကိုကိုကြီးနှင့် YE မခိုင်ခိုင်ဝတ်ရည် အပါအ၀င် YE (၃)ဦးတက်ရောက်ပါသည်။ (၃) OfficeManagement Committee Meeting ပြုလုပ်ပါသည်။
(၃၀-၄-၂-၁၁) စနေနေ့တွင် (၁) (2/2011) Policy and Planning Meeting ပြုလုပ်ပါသည်။ (၂) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဗဟိုကော်မတီဝင်များနှင့် AER လက်မှတ်ရရှိသူများ တွေ့ဆုံပွဲ ပြုလုပ်ပါသည်။ (၃)Skill Upgrading Training and Certification ကိစ္စအတွက် ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးမင်းဇံ၊ ဒေါက်တာတိုးတိုးသန်းနှင့် ဥက္ကဋ္ဌ ဦးဝင်းခိုင်၊ GS ဦးကိုကိုကြီးတို့ တွေ့ဆုံဆွေးနွေးပါသည်။ (၄) မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းအင်ဂျင်နီယာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ပြန့်ပွားရေးအဖွဲ့ (Metallurgical Engineering Technical Division) မှ ကြီးမှူး၍ “Failure of Refractory Lining in Induction Furnace” ခေါင်းစဉ်ဖြင့် ဦးထိန်ဝင်း [B.E (Metallurgy), Certificate on Iron and Steel Foundry Engineering (USSR), Certificate on Production Engineering for Castings of Engine Components (Hino Motors Ltd, Japan), Head of Profession (Metal Worker) Center for Vocational Training]က လည်းကောင်း၊ "A Metal Forming Process - Rolling" ခေါင်းစဉ်ဖြင့် ဦးဋ္ဌေးအောင် [M.Sc (Maritime Affairs, WMU, Sweden), M.E (Metallurgy), Department of Naval Architecture & Ocean Engineering, Myanmar Maritime University.]က လည်းကောင်း ဟောပြောဆွေးနွေးပါသည်။
Copyright© by Myanmar Engineering Society
Powered by IT Engineers Group
Total Hits: